#World_Health
Published 26 October 2024


▪️ အမေရိကန်မှာ လည်ချောင်းကင်ဆာ ဖြစ်ပွားသူ နှစ်စဉ် ၁၈၀၀၀ ခန့်ရှိနေပြီး ဒါဟာ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းကြောင့်လို့ ယူကေမှ ဦးခေါင်း၊ လည်ပင်းနှင့် သိုင်းရွိုက်ခွဲစိတ်ဆရာဝန်တစ်ဦးက ထောက်ပြသွားပါတယ်။

 

▪️ လည်ချောင်းကင်ဆာဟာ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ အမျိုးအစားတစ်ခုဖြစ်ပြီး အသက် ၅၀ မှ ၈၀ ကြားလူတွေ အဖြစ်များကြပေမယ့် လူငယ်တွေမှာလည်း HPV ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အဖြစ်များလာကြပါတယ်။

 

▪️ HPV ဆိုတာက လိင်မှတဆင့် ကူးစက်တာဖြစ်ပြီး လည်ချောင်းကင်ဆာ ဖြစ်ပွားရခြင်းက ပါးစပ်ဖြင့် ဆက်ဆံဖော် အရေအတွက်နဲ့ သက်ဆိုင်နေတယ်လို့ ဘာမင်ဂမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်တာ ဟီရှမ်မက်ဟန်နာက ရေးသားဖော်ပြထားပါတယ်။

 

▪️ ဘဝမှာ ပါးစပ်ဖြင့် လိင်ဆက်ဆံဖော် ၆ ဦးထက် များတဲ့သူတွေဟာ ထိုသို့မပြုလုပ်သူတွေထက် လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေ ၈.၅ ဆပိုများပါတယ်။

 

▪️ ကင်ဆာက လည်ချောင်းရဲ့ အလယ်ပိုင်း၊ ပါးစပ်အနောက်ဘက်ကို ထိခိုက်စေကာ အာခေါင်ပျော့၊ အာသီး၊ လျှာအနောက်၊ လည်ချောင်းဘေးဘက်တွေ အနောက်ဘက်တွေ ပါဝင်ပါတယ်။

 

▪️ ရောဂါလက္ခဏာတွေထဲမှာ လည်ချောင်းနာတာ မသက်သာခြင်း၊ မျိုချရခက်ခဲခြင်း၊ ပါးစပ်အပြည့်အဝ မဟနိုင်ခြင်း၊ လျှာလှုပ်ရှားရ ခက်ခဲခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ နားရွက်ကိုက်ခဲခြင်း၊ ပါးစပ်အနောက် လည်ချောင်း လည်ပင်းတို့မှာ အဖုအကျိတ်ဖြစ်ခြင်း၊ လျှာ ပါးစပ်တို့မှာ အဖြူကွက်ဖြစ်ခြင်း၊ ချောင်းဆိုးရင် သွေးပါခြင်းတို့ ဖြစ်တတ်ပါတယ်။

 

▪️ ဓာတ်ရောင်ခြည်ကုထုံး၊ ဓာတုကုထုံး၊ နှစ်မျိုးစလုံးဖြင့် ကုသခြင်း၊ ခွဲစိတ်ခြင်းတို့ဖြင့် ကုသလေ့ရှိပါတယ်။

 

▪️ HPV ကြောင့်ဖြစ်တဲ့ လည်ချောင်းကင်ဆာက ဆေးလိပ်အရက်တို့ကြောင့် ဖြစ်တဲ့ကင်ဆာထက် ရောဂါခန့်မှန်းရ ပိုလွယ်ကူပြီး လူနာ ၇၀ ရာခိုင်နှုန်းလောက်က ရောဂါတွေ့ပြီးနောက် ၅ နှစ်ကျော် အသက်ရှင်နိုင်ပါတယ်။

 

▪️ HPV ဟာ အဖြစ်အများဆုံး လိင်မှတဆင့် ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။
အသက် ၁၁ နှစ် ၁၂ နှစ်ဝန်းကျင်လောက်တည်းက ကာကွယ်ဆေး စတင်ထိုးနှံသင့်တယ်လို့ ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာက ဆိုပါတယ်။

 

▪️ HPV ကြောင့် ရောဂါပြင်းထန်မှုများကို ကာကွယ်ဆေးထိုးခြင်းဖြင့် ဘေးကင်းထိရောက်စွာ ကာကွယ်နိုင်မယ်လို့ နယူးယော့ခ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

#Source: New York Post