#World_News
Published 23 October 2024


▪️ နိုင်ငံတကာမှာ အခြေအနေတွေက မတည်မငြိမ် ဖြစ်နေပြီး ရာစုနှစ်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်နေပေမယ့် ရုရှားနဲ့ တရုတ်တို့ရဲ့ ဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုက တည်ငြိမ်အေးချမ်းရေးကို အားဖြစ်စေတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြောပါတယ်။

 

▪️ ကမ္ဘာမှာ အမေရိကန်က လက်ဝါးကြီးအုပ်ပြီး စစ်အေးတိုက်ပွဲဖန်တီးနေတယ်လို့ စွပ်စွဲလိုက်ကာ အမေရိကန်ရဲ့ အင်အားကြီးပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ ရှီကျင့်ဖင်နဲ့ ပူတင်တို့ဟာ မေလတုန်းက မိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ထူထောင်ရန် ကတိပြုခဲ့ကြပါတယ်။

 

▪️ "အခုလက်ရှိမှာ ကမ္ဘာကြီးက နှစ်ရာချီအတွင်း မကြုံစဖူး ပြောင်းလဲမှုများ ဖြတ်သန်းနေရပြီး နိုင်ငံတကာ အခြေအနေက ပရမ်းပတာတွေ အနှောင့်အယှက် ဖြစ်နေတယ်" လို့ ရုရှား ကာဇန်မြို့မှာ ကျင်းပတဲ့ BRICS အစည်းအဝေးမှာ ရှီကျင့်ဖင်က ပူတင်ကို ပြောသွားပါတယ်။

 

▪️ ရုရှားနဲ့ တရုတ်တို့ကြား ချစ်ကြည်ရင်းနှီးမှုက နောက်မျိုးဆက်တွေတိုင်အောင် ဆက်ရှိနေမယ်လို့ အခိုင်အမာ ယုံကြည်ထားပြီး ပြည်သူတွေအတွက် တိုင်းပြည်ရဲ့ တာဝန်သိမှုတွေက ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

▪️ ယူကရိန်းနဲ့ စစ်ဆင်နွှဲနေတဲ့ ရုရှား၊ စီးပွားရေးနဲ့ စစ်ရေးဖွံ့ဖြိုးမှုကြောင့် အမေရိကန်မှ တုန့်ပြန်ဆောင်ရွက်ခြင်းကို ခံနေရတဲ့ တရုတ်တို့ဟာ တူညီတဲ့ ဘူမိနိုင်ငံရေးပြဿနာ ကြုံလာရပါတယ်။

 

▪️ ၁၉၉၁ ဆိုဗီယက်ပြိုကွဲပြီး ရှုတ်ချခံရခြင်း၊ ရာစုနှစ်တွေတိုင်အောင် ဥရောပကနေ တရုတ်ကို လွှမ်းမိုးထားခြင်းတို့ကြောင့် ရုရှားနဲ့ တရုတ်တို့ဟာ အနောက်တိုင်းကို တန်ပြန်ရန် ကြိုးပမ်းလာပါတယ်။

 

▪️ အမေရိကန်က တရုတ်ကို အဓိကပြိုင်ဘက်အဖြစ် မြင်နေပြီး ရုရှားကိုတော့ တိုင်းပြည်အဆင့် ခြိမ်းခြောက်သူအဖြစ် ရှုမြင်နေပါတယ်။

 

▪️ ကမ္ဘာ့အရေးတွေမှာ ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်ရေးဟာ တည်ငြိမ်အေးချမ်းရေးအတွက် တွန်းအားတစ်ရပ်ဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုရဖို့အတွက် ဘက်စုံကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက်ချက် မြှင့်တင်သွားဖို့ ရည်ရွယ်ထားကြောင်း ဆိုပါတယ်။

 

▪️ BRICS အဖွဲ့အစည်းဟာ လက်ရှိကမ္ဘာပေါ်မှာ ဈေးကွက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးဆုံးအုတ်မြစ် ဖြစ်တယ်လို့ ရှီကျင့်ဖျင်က ပြောသွားပါတယ်။

 

#Source: Reuters