#World_Health
Published 18 September 2024


▪️ အနိုင်ကျင့်ခံရတယ်ဆိုတာ ကလေးအတွက်ရော မိဘအတွက်ပါ စိတ်ပျက်စရာ ကောင်းပါတယ်။
ဒါကိုဖြေရှင်းဖို့ စိတ်ရှည်ရှည်နဲ့ ကလေးတွေကို ထောက်ပံ့အားပေးဖို့ လိုအပ်ပါတယ်။

 

▪️ အနိုင်ကျင့်ခံရတဲ့အခါ ကလေးတွေမှာ စိတ်ခံစားချက် အမာရွတ်ဖြစ်နိုင်ပြီး စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 

▪️ မိမိကိုယ်ကို ယုံကြည်မှုနဲ့ လူမှုရေးပိုင်း တိုးတက်မှုကို ထိခိုက်စေပါတယ်။
မိဘတွေအနေနဲ့ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့အားပေးပါမှ ယုံကြည်ချက်နဲ့ ခံနိုင်ရည်စွမ်း ရရှိစေလာမှာ ဖြစ်ပါတယ်။

 

ဒီအတွက် နည်းလမ်းတွေကတော့..

▪️ (၁) လုံခြုံစိတ်ချစွာဖွင့်ပြောနိုင်အောင် အားပေးပါ
သင့်ကလေးက ဘာတွေဖြစ်နေလဲဆိုတာကို စိတ်ချလက်ချ ပြောနိုင်မှ စိတ်သက်သာရာ ရပါမယ်။
ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောနိုင်အောင် အားပေးထောက်ပံ့သင့်ပါတယ်။

 

▪️ ကလေးတွေက သူတို့အနိုင်ကျင့်ခံရတာကို ပြန်ပြောရမှာ ကြောက်ရွံ့ရှက်တတ်ကြပါတယ်။
ဒါကြောင့် ကလေးဘက်ကနေ ရပ်တည်ဖို့အသင့်ရှိနေတယ်ဆိုတာကို သေချာသိအောင် အားပေးသင့်ပါတယ်။

 

▪️ (၂) ကျောင်းနှင့်ပူးပေါင်းဆောင်ရွက်ပါ
အနိုင်ကျင့်ခံရတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကလေးတက်တဲ့ကျောင်းနဲ့ ပူးပေါင်းဖို့လိုပါတယ်။



▪️ ကျောင်းတွေမှာ အနိုင်ကျင့်ခြင်းကို ဖြေရှင်းဖို့ မူဝါဒတွေရှိတတ်ပြီး စောင့်ကြည့်ဖို့အတွက် ကျောင်းထိန်းသိမ်းရေးအဖွဲ့တွေ ရှိကြပါတယ်။

 

▪️ ဒါမှသာ ကျောင်းတွေက စည်းကမ်းအရ အရေးယူပြီး ဆရာများကလည်း ကလေးလုံခြုံအောင် ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

 

▪️ (၃) ကလေးကို ယုံကြည်ချက်မြှင့်တင်ပေးပါ
အနိုင်ကျင့်ခံရပြီးနောက် ကလေးယုံကြည်မှု ပြန်ရစေမယ့် နည်းလမ်းတွေ ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။

 

▪️ ပြင်ပလှုပ်ရှားသွားလာခြင်းက ကလေးတွေကို စိတ်အင်အားမြှင့်တင်ပေးပြီး ယုံကြည်ချက်ကို ပြန်ရစေပါတယ်။

 

▪️ အပေါင်းအဖွဲ့များနဲ့ ပြောဆိုဆော့ကစားခြင်း၊ အားကစား ဂီတ အနုပညာများ ပြုလုပ်ခြင်းတို့ လုပ်ခိုင်းသင့်ပါတယ်။

 

▪️ (၄) စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်အောင် သင်ကြားပေးပါ
အနိုင်ကျင့်ခံရခြင်းကို ထိရောက်စွာ ခံနိုင်ရည်ရှိအောင် ကူညီသင်ကြားသင့်ပါတယ်။
ဒါမှသာ အနိုင်ကျင့်ခံရခြင်းရဲ့ သက်ရောက်မှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

 

▪️ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိမှသာ အနိုင်ကျင့်ခံရခြင်းကို ခံနိုင်ရည်ရှိပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

 

▪️ (၅) အွန်လိုင်းအနိုင်ကျင့်ခြင်းကိုလည်း စောင့်ကြည့်ပါ
ဒီဂျစ်တယ်ခေတ်ကြီးမှာ ကျောင်းတွေမှာသာ အနိုင်ကျင့်ခံရတာ မဟုတ်ဘဲ အွန်လိုင်းမှာလည်း ဖြစ်တတ်ပါတယ်။

 

▪️ ကလေးတွေ အွန်လိုင်းအသုံးပြုခြင်းကို သတိထားစောင့်ကြည့်သင့်ပြီး ကလေးတွေက အွန်လိုင်းကနေ မသင့်လျော်တာကို မဖြေရှင်းတတ်ကြပါဘူး။

 

▪️ ဒါကြောင့် သူတို့အသုံးပြုတဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်ကာ ကိုယ်ပိုင်ကန့်သတ်မှုများ ထားရှိရပါမယ်။

 

▪️ (၆) ကျွမ်းကျင်သူအကူအညီရယူပါ
ကလေးမှာ အနိုင်ကျင့်ခံရခြင်းရဲ့ သက်ရောက်မှု ဆက်ရှိနေရင် ကျွမ်းကျင်သူထံမှ အကူအညီရယူသင့်ပါတယ်။

 

▪️ ဒီလိုမဟုတ်ပါက ဒီဒဏ်ကို ကြာရှည်ခံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားရနိုင်ပါတယ်။

 

▪️ မိဘတွေရဲ့ ထောက်ပံ့အားပေးမှုက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို လုံခြုံစိတ်ချရစေတယ်ဆိုတာကို သတိရနေသင့်ပါတယ်။

 

#Source: DoctorNDTV