#World_Health
Published 18 February 2025
▪️ အချိန်အတိုင်းအတာတစ်ခုအထိ အစာမစားဘဲနေခြင်းက အကျိုးကျေးဇူးများစွာ ရှိတယ်လို့ အထောက်အထားတွေ တွေ့ရှိထားပြီး အထူးသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ရစေနိုင်ပါတယ်။
▪️ မကြာသေးမီက လေ့လာချက်မှာလည်း အချိန်အပိုင်းအခြားဖြင့် အစာမစားဘဲနေခြင်းက ပိုလျှံနေတဲ့ ကိုယ်အလေးချိန် ကျဆင်းစေနိုင်ကာ ကျန်းမာရေး တိုးတက်စေနိုင်တယ်လို့ တွေ့ရှိလာပါတယ်။
▪️ စပိန်မှ သုတေသီအဖွဲ့က စားသောက်ချိန်အမျိုးမျိုးက ကိုယ်အလေးချိန်ကျဆင်းခြင်းနဲ့ အခြားကျန်းမာရေး အချက်အလက်များအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာ စူးစမ်းချင်ခဲ့ပါတယ်။
▪️ အသက် ၃၀ မှ ၆၀ ကြား အဝလွန်သူ ၁၉၇ ဦးကို မက်ဒီတာရေးနီးယန်း စားသောက်ပုံစံ ကျင့်သုံးခိုင်းခဲ့ပါတယ်။
▪️ ဒီစားသောက်ပုံစံမှာ အသီးအနှံ၊ ဟင်းရွက်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ ပါဝင်ပါတယ်။
▪️ အဖွဲ့ ၄ ဖွဲ့ခွဲပြီး စမ်းသပ်ရာမှာ အချိန်အပိုင်းအခြားဖြင့် အစားမစားတဲ့သူတွေက ပုံမှန်စားသူတွေထက် ကိုယ်အလေးချိန် ပျမ်းမျှ ၂.၄ ကနေ ၃.၁ ကီလိုဂရမ် ကျဆင်းသွားပါတယ်။
▪️ MRI စကင်များသုံးပြီး ဝမ်းတွင်းအဆီနဲ့ အပေါ်ယံအဆီတို့ ကျဆင်းတာကို လေ့လာတဲ့အခါ နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာသာ စားသောက်တဲ့သူတွေက အပေါ်ယံအဆီ ပိုမိုကျဆင်းတာ တွေ့ရပါတယ်။
▪️ ဒါကြောင့် နံနက်ပိုင်းမှာ စားသုံးခြင်းက အစားအစာကို ချေဖျက်လွယ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိရောက်စွာ ထိန်းချုပ်နိုင်တယ်လို့ ယူဆရပါတယ်။
▪️ နံနက်ပိုင်းမှာ စားသောက်ပြီး ကျန်တဲ့အချိန်မှာ အစားမစားဘဲနေခြင်းက အဝလွန်သူတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ ကိုယ်အလေးချိန်ကို လျှော့ချနိုင်မယ်လို့ ညွှန်ပြနေပါတယ်။
▪️ အချိန်ကန့်သတ်ပြီး စားသုံးခြင်းက ကယ်လိုရီဝင်ရောက်မှု ထိန်းချုပ်ပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ပုံစံအတိုင်း လွယ်ကူစွာ ကျင့်သုံးနိုင်စေမှာ ဖြစ်ပါတယ်။
#Source: India Today