#World_Health
Published 16 March 2025
▪️ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ ဖြစ်တတ်တဲ့ ဝက်ခြံက အရွယ်ရောက်ပြီး လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။
▪️ လူကြီးတွေမှာ ဝက်ခြံထွက်ရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။
- ဓမ္မတာစက်ဝန်းအချိန်၊ ကိုယ်ဝန်ဆောင်ချိန်စတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။
- စိတ်ဖိစီးမှု မထိန်းချုပ်နိုင်ခြင်းကြောင့် ဟော်မုန်းမညီမမျှဖြစ်ကာ အဆီပိုမိုထွက်စေပါတယ်။
- ဂလူးကို့စ်မြင့်မားတဲ့ အစားအစာတွေနဲ့ နို့ထွက်ပစ္စည်းတွေက ဝက်ခြံဖြစ်ပေါ်ခြင်းကို အားပေးပါတယ်။
- ကိုယ်ဝန်တားဆေးလိုမျိုး အချို့သောဆေးဝါးတွေက ဝက်ခြံကိုပိုဆိုးစေပါတယ်။
- အင်ဆူလင်ယဉ်ပါးခြင်းနဲ့ သိုင်းရွိုက်ရောဂါတို့လို ကျန်းမာရေးပြဿနာတွေက ဝက်ခြံဖြစ်စေနိုင်ပါတယ်။
▪️ လူကြီးတွေမှာထွက်တဲ့ ဝက်ခြံတွေကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေထဲမှာ..
- Retinoids ၊ benzoyl peroxide ၊ salicylic acidနဲ့ ပဋိဇီဝဆေးတို့ကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပြီး ကျွမ်းကျင်သူတွေနဲ့ အသင့်လျော်ဆုံးကို တိုင်ပင်သင့်ပါတယ်။
- ညီညွတ်မျှတစွာ စားသုံးခြင်း၊ စိတ်ပြေလျော့စေတဲ့ နည်းနာများဖြင့် ဖိစီးမှုကို ထိန်းချုပ်ခြင်း၊ အရေပြားထိန်းသိမ်းခြင်းစသဖြင့် အစားအသောက်နဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
- ရှားစောင်းလက်ပတ်ဂျယ်၊ နနွင်း၊ လက်ဖက်ပင်ဆီ၊ လက်ဖက်စိမ်းဆီတို့လို အိမ်တွင်းလိမ်းဆေးများက အရေပြားကို အထောက်အကူဖြစ်စေပါတယ်။
- ဓာတုကုထုံး၊ လေဆာကုထုံးစတဲ့ ဆေးဘက်ဆိုင်ရာ ကုသမှုတွေလည်း ရွေးချယ်နိုင်ပါတယ်။
▪️ ဝက်ခြံသက်သာစေတဲ့ နည်းလမ်းများစွာရှိပေမယ့် အကောင်းဆုံးက မိမိရဲ့ အရေပြားနဲ့ ဝက်ခြံပြင်းထန်မှုအပေါ် မူတည်ပါတယ်။
#Source: DoctorNDTV