#World_Science
Published 12 May 2025

▪️ စကြဝဠာထဲမှာ ဂြိုဟ်သားသက်ရှိတွေကို လိုက်ရှာနေတာ နှစ်တွေကြာမြင့်နေပြီ ဖြစ်ပါတယ်။

▪️ ဒေါက်တာ နစ်ကူမာဒူဆူဒန်ဦးဆောင်တဲ့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များအဖွဲ့က ကြယ်နီတစ်ခုကို အလင်းနှစ် ၁၂၄ နှစ်အကွာအဝေးကနေ လှည့်ပတ်နေတဲ့ K2-18b ဂြိုဟ်ဟာ သက်ရှိများရှိနေနိုင်တဲ့ လက္ခဏာအားလုံးရှိတယ်လို့ ကြေညာလိုက်ပါတယ်။

▪️ ဂြိုဟ်သားတွေကို ရှာဖွေဆက်သွယ်တာဟာ လူသားမျိုးနွယ်အတွက် ပျက်စီးရာပျက်စီးကြောင်း ယူဆောင်လာနိုင်ဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများ သတိပေးနေခဲ့ပြီး ယင်းတို့နဲ့ မဆက်သွယ်ခင် အသေအချာ လေ့လာဖို့အကြံပြုထားပါတယ်။

▪️ စကြဝဠာထဲက ဂြိုဟ်သားမျိုးနွယ်တွေဟာ နည်းပညာတိုးတက်မှုအပိုင်းမှာ ကွဲပြားနေနိုင်ပြီး စကြဝဠာနဲ့ ဆက်သွယ်လုပ်ဆောင်ရာမှာ လူသားတွေထက် နှစ်တစ်ထောင်လောက်စောနေနိုင်တယ်လို့ အိန္ဒိယအာကာသ သုတေသနအဖွဲ့အစည်းမှ အကြီးအကဲဟောင်း အက်စ်ဆိုမာနက်က ပြောဖူးပါတယ်။

▪️ ဒီလိုမျိုးဂြိုဟ်သားတွေနဲ့ ဆက်သွယ်ဖို့ ဘယ်တော့မှ ကြိုးစားသွားမှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။

▪️ ဗြိတိန်ရူပဗေဒပညာရှင်နဲ့ သိပ္ပံစာရေးဆရာ မာ့ခ်ဘူခါနန်ကလည်း ဂြိုဟ်သားတွေနဲ့ ဆက်သွယ်မိရင် ကမ္ဘာပေါ်က သက်ရှိအားလုံးအတွက် အဆုံးသတ်ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။

▪️ K2-18b ဂြိုဟ်ဟာ ကမ္ဘာကနေ အလင်းနှစ် ၁၂၄ နှစ်ကွာဝေးတာကြောင့် အခုချိန် အချက်ပြပေးပို့ရင်တောင် ၂၂၇၃ ခုနှစ်မှာမှ အစောဆုံးပြန်ပြီး တုံ့ပြန်ချက်ရမှာဖြစ်တယ်လို့ ဟားဗတ်တက္ကသိုလ်မှ ပရော်ဖက်ဆာ အေဗီလော့ဘ်က ပြောပါတယ်။

▪️ K2-18b ဂြိုဟ်ရဲ့ လေထုထဲမှာ ဒိုင်မီသိုင်းဆာလ်ဖိုက်နဲ့ ဒိုင်မီသိုင်းဒိုင်ဆာလ်ဖိုက်တို့ ပါဝင်နေကာ သက်ရှိတွေရှိနေနိုင်ဖို့ ၉၉.၇ ရာခိုင်နှုန်း သေချာနေပါတယ်။

#Source: WION