#World_Health
Published 10 February 2025


▪️ စိတ်ဓာတ်ကျကုသနည်းအတွက် နှာခေါင်းဖျန်းဆေးရည်အသစ်တစ်ခုကို အမေရိကန် FDAက အသိအမှတ် ပြုလိုက်ပါတယ်။

▪️ Spravatoလို့ခေါ်တဲ့ နှာခေါင်းဖျန်းဆေးရည်ကို ဂျွန်ဆန်အင်န်ဂျွန်ဆန်မှ ထုတ်လုပ်ပြီး စိတ်ကျရောဂါကြီး(MDD)အတွက် ကုသနည်းအဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။

▪️ ဒီဆေးက ကီတာမင်းမှရလာတဲ့ ဆေးဖြစ်ကာ ၂၀၁၉ မှာ စတင်အသိအမှတ်ပြုခံရပြီး စိတ်ကျရောဂါပျောက်ဆေးများနဲ့ ပေါင်းစပ်ပြီး လူနာတွေမှာ အသုံးပြုကြပါတယ်။

▪️ အခုအခါမှာ ထိုဆေးတစ်မျိုးတည်းဖြင့် ကုသနည်းလမ်းတွေကို ဖော်ထုတ်လာပြီလို့ စိန့်ချားလ်စ်စိတ်ပညာအဖွဲ့အစည်းမှ လက်တွဲတည်ထောင်သူ ဂရီဂိုရီမက်တင်လီက ဖော်ပြထားပါတယ်။

▪️ ၂၀၂၄ ပထမ ၉ လအတွင်း Spravato က ဒေါ်လာသန်း ၇၈၀ ရောင်းချခဲ့ရပါတယ်။

▪️ စမ်းသပ်မှုမှာ ပါဝင်သူတွေက စိတ်ကျအခြေအနေ ဆိုးရွားမှု အလျင်အမြန် သက်သာလာကြောင်း တွေ့ရှိခြင်းအပေါ် အခြေခံကာ အသိအမှတ်ပြုတာ ဖြစ်ပါတယ်။

▪️ Spravatoအသုံးပြုတဲ့ လူနာ ၅ ပုံ ၁ ပုံကတော့ ရောဂါပြန်ဖြစ်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

▪️ ကုသနည်းမတိုးတဲ့ စိတ်ကျဝေဒနာက အထူးသဖြင့် သောက်ဆေးတွေနဲ့ မထူးခြားတဲ့သူတွေမှာ အလွန်ရှုပ်ထွေးခက်ခဲရသလို ရွေးချယ်စရာလည်း မရှိဘူးလို့ ဂျွန်ဆန်အင်န်ဂျွန်ဆန်မှ အာရုံကြောသိပ္ပံအကြီးအကဲ ဘီလ်မာတင်က ဆိုပါတယ်။

▪️ နှာခေါင်းဖျန်းဆေးရည်က ဂလူတမိတ်ဆိုတဲ့ အာရုံကြောပစ္စည်းတစ်ခုကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

▪️ ဒီစမ်းသပ်ချက်ကို ဆယ်စုနှစ်တစ်ခုကျော်လောက်က ပြုလုပ်ခဲ့ပြီး ဈေးကွက်ထဲရောက်နေတာ ၆ နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။

#Source: India Today