#World_News
Published 01 February 2025


▪️ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ဇန်နဝါရီ ၆ ရက်နေ့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးခြင်းတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အစိုးရရှေ့နေအဖွဲ့ကို သောကြာနေ့က အလုပ်ထုတ်ပယ်လိုက်ပြီး ထိုကိစ္စတွေမှာ ပါဝင်ခဲ့တဲ့ FBIအေးဂျင့်တွေကိုလည်း ထုတ်ပယ်နိုင်အောင် အမည်များအလိုရှိနေပါတယ်။

▪️ ဒါဟာ ဖက်ဒရယ် ဥပဒေစိုးမိုးရေးအပေါ် ထိန်းချုပ်သွားလိုတဲ့ အိမ်ဖြူတော်ရဲ့ သဘောထားကို မြင်တွေ့နေရပြီး လုံလောက်စွာ သစ္စာမစောင့်သိဘူးလို့ ယူဆရတဲ့ အေဂျင်စီတွေကို ဖယ်ရှားသွားမယ့် လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။

▪️ အမေရိကန် ကပ်ပီတိုလ်တိုက်ခိုက်မှုမှာ ပါဝင်တဲ့လူ ၁၅၀၀ ကျော်ကို ဒေါ်နယ်ထရမ့်မှ လွတ်ငြိမ်းခွင့်ပေးပြီး ရက်ပိုင်းအကြာမှာပဲ ယာယီလက်ထောက်ရှေ့နေချုပ် အီမီလ်ဘို့ဗ်က ဇန်နဝါရီ ၆ ရက်နေ့ကိစ္စမှ ရှေ့နေများကို ရာထူးမှထုတ်ပယ်ရန် ညွှန်ကြားလိုက်ပါတယ်။

▪️ ဝါရှင်တန်ရှိ အမေရိကန်ရှေ့နေရုံးမှ ဝန်ထမ်း ၂ ဒါဇင်ခန့် အလုပ်ထုတ်ပယ်ခံရတယ်လို့ အမည်မဖော်လိုသူ သတင်းနီးစပ်သူတစ်ဦးက ပြောသွားပါတယ်။

▪️ FBI အကြီးတန်းအမှုဆောင် ဒါဇင်ဝက်ကျော်ခန့်ကို ထုတ်ဖော်ခဲ့ပြီး တနင်္လာနေ့မှာ အငြိမ်းစားယူမလား အလုပ်ထုတ်ခံမလားဆိုပြီး အမိန့်ချမှတ်ခဲ့သလို စုံစမ်းစစ်ဆေးမှုမှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့ FBIဝန်ထမ်းအားလုံးရဲ့ အမည်တွေ၊ ရာထူးတွေ၊ ရုံးတွေကိုလည်း မေးမြန်းထားတယ်လို့ သိရပါတယ်။

▪️ အီမီလ်ဘို့ဗ်ဟာ အစိုးရအုပ်ချုပ်ရေးအဖွဲ့ထဲ မရောက်ခင်တည်းက ထရမ့်ရဲ့ ရာဇဝတ်မှုတွေကို ခုခံကာကွယ်ပေးနေသူ ဖြစ်ပါတယ်။

▪️ အလုပ်ထုတ်ခံရတဲ့ ရှေ့နေတွေဟာ ဇန်နဝါရီ ၆ ရက်နေ့ကိစ္စကို အထောက်အကူပြုဖို့ ယာယီတာဝန်ပေးအပ်ခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရပြီးနောက် အမြဲတမ်းနေရာ ရလာခဲ့ကြပါတယ်။

▪️ ဒီလိုထုတ်ပယ်တာတွေဟာ ယာယီတာဝန်ယူနေတဲ့ အရာရှိတွေရဲ့ ပြင်းထန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး သမ္မတထရမ့် ထုတ်ပြန်ထားတဲ့ ဥပဒေစိုးမိုးရေး ရည်မှန်းချက်များနဲ့ FBIအေးဂျင့်များပေါ် ထောက်ခံချက်တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ FBIအေးဂျင့်အဖွဲ့အစည်းက ပြောသွားပါတယ်။

▪️ အေးဂျင့်တွေရာနဲ့ချီ အလုပ်ထုတ်ပယ်ခံရတာဟာ တိုင်းပြည်လုံခြုံရေးနဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်နိုင်စွမ်းကို များစွာချည့်နဲ့စေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

▪️ FBIအဖွဲ့ဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို ထရမ့်ပြောင်းလဲဖို့ကြိုးစားခြင်းနဲ့ ဖလော်ရီဒါရှိ ထရမ့်နေအိမ်မှာ နိုင်ငံ့အရေးကြီး လျှို့ဝှက်စာတမ်းများ ထိန်းသိမ်းထားခြင်းတို့အပေါ် စုံစမ်းစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

#Source: AP News