#World_Science
Published 17 September 2024


▪️ ကမ္ဘာဂြိုဟ်အတွက် ဒုတိယမြောက်လတစ်စင်း မကြာခင် ထွက်ပေါ်လာမှာဖြစ်ကာ ရက်သတ္တပတ် အနည်းငယ်သာ ကြာမြင့်မှာဖြစ်ပါတယ်။

 

▪️ အဲဒါကို မမြင်ရတာလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်။
စက်တင်ဘာလအကုန်မှာ ဂြိုဟ်မွှားတစ်ခုက ကမ္ဘာဂြိုဟ်အတွက် လတစ်စင်းအဖြစ် ၂ လမပြည့်အောင် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

 

▪️ ဂြိုဟ်မွှားစောင့်ကြည့်ရေးစနစ် ATLAS က ဩဂုတ် ၇ ရက်နေ့မှာ 2024 PT5 လို့အမည်ပေးထားတဲ့ ဂြိုဟ်မွှားကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

▪️ ထိုဂြိုဟ်က ကမ္ဘာ့ဆွဲငင်အားထဲ မရောက်ခင် လက်ရှိမှာ လမ်းကြောင်းတစ်ခုပေါ် ရှိနေပါတယ်။
စပိန်နိုင်ငံ တက္ကသိုလ်တစ်ခုမှ ကားလို့စ်နဲ့ ရာအူးလ်ဒီလာဖွန်တေမာကို့စ်တို့က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

▪️ ထိုဂြိုဟ်သိမ်ဟာ စက်တင်ဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ကမ္ဘာကို တစ်ပတ်နီးပါး လှည့်ပတ်မှာဖြစ်ကာ ထွက်ခွာသွားလိမ့်မယ်လို့ ပြောပါတယ်။

 

▪️ ဒီအဖြစ်မျိုးက ရှားပါးပေမယ့် အရင်ကလည်း ဖြစ်ဖူးပါတယ်။
ဒီအရာက အတုအပမဖြစ်နိုင်ဘဲ အမှတ်တကယ် နက္ခတ်အဖွဲ့အစည်းမှ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

▪️ 2024 PT5 က အာဂျူနာဂြိုဟ်သိမ် လမ်းကြောင်းမှ အစပြုတာဖြစ်နိုင်ပြီး ကမ္ဘာဂြိုဟ်နဲ့ ပတ်လမ်းကြောင်းဆင်တူတဲ့ ကမ္ဘာ့အနီးအနားဝတ္ထုများ ရှိတဲ့နေရာဖြစ်ပါတယ်။

 

▪️ ဒီအကြောင်းတွေကို နက္ခတ္တပညာရှင် တိုနီဒန်းက X ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
၂၀၂၅ ဇန်နဝါရီ ၉ ရက်နေ့မှာ ပြန်သွားမှာဖြစ်ပြီး ၂၀၅၅ မတိုင်ခင်အထိ နောက်ထပ်ရောက်ရှိမှာ မဟုတ်ပါဘူး။

 

#Source: WION