#World_Health
Published 14 September 2024


▪️ အနီးမှုန်သူတွေမှာ စာကြည့်မျက်မှန် မလိုလောက်အောင် ကူညီပေးနိုင်မယ့် မျက်စဉ်းဆေးအသစ်တစ်မျိုးကို အိန္ဒိယဆေးဝါးကွပ်ကဲရေးဌာနက အသိအမှတ်ပြုလိုက်ပါပြီ။

 

▪️ မွမ်ဘိုင်းအခြေစိုက် Entod Pharmaceuticals မှထုတ်လုပ်တဲ့ PresVu မျက်စဉ်းဆေးဟာ အောက်လိုဘာလကစတင်ပြီး ဆေးဆိုင်တွေမှာ ရရှိနိုင်မှာဖြစ်ပြီး ဆေးစာပါရင် ရူပီး ၃၅၀ ဖြင့် ရောင်းချမှာဖြစ်ပါတယ်။

 

▪️ ဗဟိုဆေးဝါးစံနှုန်း ထိန်းချုပ်ရေးအဖွဲ့အစည်းမှ ညွှန်းချက်ရပြီးနောက် အခုနောက်ဆုံး အိန္ဒိယအထွေထွေ ဆေးဝါးထိန်းချုပ်ရေးမှ အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။

 

▪️ ဒါကြောင့် PresVu ဟာ အနီးမှုန်သူတွေမှာ စာကြည့်မျက်မှန် လိုအပ်မှုကို လျှော့ချနိုင်မယ့် အိန္ဒိယမှ ပထမဆုံးမျက်စဉ်းဆေး ဖြစ်လာမှာပါ။

 

▪️ အနီးမှုန်ဆိုတာက မျက်လုံးထဲက မှန်ဘီလူးတွေ အနီးကပ်အရာတွေကို မစူးစိုက်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

 

▪️ မှန်ဘီလူးတွေက သက်တမ်းကြာလာတာနဲ့ သိပ်ပြီး မလှုပ်ရှားနိုင်တော့ကာ အနီးကပ် အရာတွေကို ကြည့်ရှုဖို့ ခက်ခဲလာပါတယ်။

 

▪️ ဒီလိုအခြေအနေဟာ အသက် ၄၀၊ ၅၀ ဝန်းကျင်မှာ စတင်ဖြစ်ပေါ်လာတတ်ပြီး အနီးကပ် ဖတ်ရှုရတာ ခက်ခဲလာကာ မျက်လုံးကိုက်ခဲလာတတ်ပါတယ်။

 

▪️ ဒါကြောင့် ဒီလိုလူတွေဟာ စာကြည့်မျက်မှန် အသုံးပြုကြရပါတယ်။

 

▪️ ကမ္ဘာတဝှမ်းမှာ အနီးမှုန်သူ ၁.၀၉ မှ ၁.၈ ဘီလီယံကြား ရှိနေနိုင်ပါတယ်။

 

▪️ PresVu က အမြင်အာရုံဝေဝါးခြင်းကို သက်သာစေရုံမက စာကြည့်မျက်မှန် မလိုအပ်စေသလို မျက်စိကိုလည်း စိုစွတ်ချောမွေ့နေစေမှာ ဖြစ်ပါတယ်။

 

▪️ ဈေးနှုန်းကလည်း အများတတ်နိုင်ကာ အလွယ်တကူ ရနိုင်တာကြောင့် နှစ်ပေါင်းများစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

#Source: India Today