#World_News
Published 18 September 2024


▪️ ၂၀၂၃ ခုနှစ်က ဂရင်းလန်းမှာ တောင်ထိပ်တစ်ခု ပင်လယ်ထဲသို့ ပြိုကျခဲ့ပြီး မီတာ ၂၀၀ အနက်အထိ ဧရာမဆူနာမီလှိုင်းကြီး ဖြစ်ပွားခဲ့ပါတယ်။

 

▪️ လှိုင်းရိုက်ခတ်မှု ကြီးမားလွန်းသဖြင့် ဒစ်ဆန်ဂျော့မှာ ၉ ရက်ကြာအောင် လှုပ်ခတ်နေခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ငလျင်လှိုင်းများဖြစ်ပေါ်ပြီး ကမ္ဘာ့မြေအပေါ်ယံလွှာကို ဖြတ်သန်းကာ ၉ ရက်ဆက်တိုက် လှုပ်ခတ်ခဲ့ပါတယ်။

 

▪️ ၂၀၂၃ တုန်းက ထူးဆန်းတဲ့ ငလျင်အချက်ပြမှုတွေကို ရရှိခဲ့ကြပေမယ့် ဘာဖြစ်မှန်း မသိခဲ့ကြပါဘူး။

 

▪️ နိုင်ငံတကာ သိပ္ပံပညာရှင်များအဖွဲ့က ဒါကိုဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး မူလငလျင်အချက်မှုကနေ စတင်ကာ ဂရင်းလန်းရှိ ဆူနာမီလှိုင်းများအထိ ခြေရာခံခဲ့ကြပါတယ်။

 

▪️ အားလုံးက မြေပြိုတာနဲ့ ဆက်စပ်နေမယ်လို့ပဲ ထင်ခဲ့ကြကာ တကယ့်အကြောင်းအရင်းကို မသိခဲ့ကြဘူးလို့ ဒိန်းမတ်နှင့် ဂရင်းလန်း ဘူမိစစ်တမ်းမှ ဘူမိဗေဒပညာရှင် ခရစ္စရှန်စဗန်းဗစ်က ပြောပါတယ်။

 

▪️ ပြိုကျလာတဲ့ ကျောက်တုံးတွေ ရေခဲတွေက အိုလံပစ်ရေကူးကန် ၁ သောင်းအရွယ်အစားလောက် ရှိခဲ့ပြီး ပေ ၂၀၀ နက်တဲ့ ဧရာမဆူနာမီကြီး ဖြစ်ပေါ်ခဲ့ကာ ၉ ရက်အတွင်း အကြိမ် ၁ သောင်းလောက် လှုပ်ခတ်ခဲ့ပါတယ်။

 

▪️ ဒီဆူနာမီဟာ ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနဲ့ ၂၀၁၁ ခုနှစ်က ဂျပန်မှာ ဖြစ်ပွားတဲ့ ပင်လယ်ရေအောက်ငလျင်တွေထက် အဆပေါင်းများစွာ ပိုနက်ပါတယ်။

 

▪️ ၁၅ နိုင်ငံရှိ အဖွဲ့အစည်း ၄၀ လောက်မှ သိပ္ပံပညာရှင် ၆၆ ယောက်ဟာလည်း ထိုအချက်ပြမှုရဲ့ ရင်းမြစ်ကိုရှာဖွေခဲ့ကြပါတယ်။

 

▪️ ရာသီဥတုဖောက်ပြန်မှုကြောင့် တစ်ကမ္ဘာလုံး ပူနွေးလာရာမှာ ရေခဲပြင်များ ပါးလွှာလာပြီး တောင်ထိပ်တွေ တောင့်မခံနိုင်တော့ပါဘူး။

 

▪️ ဒီလိုဖြစ်တာဟာ နောက်ဆုံးအကြိမ် မဖြစ်နိုင်ဘဲ ဆက်လက်ပူနွေးနိုင်တာကြောင့် ရေခဲပြင်တွေ ဆက်လက်ပါးလာကာ ကမ္ဘာ့ဝင်ရိုးစွန်းတွေ တောင်တန်းတွေမှာ ဒီထက်ပိုပြီး ကြီးကြီးမားမား ဖြစ်နိုင်ခြေရှိတယ်လို့ သိပ္ပံပညာရှင်များ ဆိုပါတယ်။

 

#Source: WION