#World_News
Published 11 September 2024


▪️ တောင်ကိုရီးယားမှ မိခင်ပေါင်းများစွာဟာ သူတို့ရဲ့ကလေးတွေကို နိုင်ငံရပ်ခြားမှာ မွေးစားခံရဖို့ အတင်းအဓမ္မ စွန့်လွှတ်ခိုင်းခံခဲ့ကြရတယ်လို့ တောင်ကိုရီးယားအစိုးရမှ ဖွဲ့စည်းတဲ့ ကော်မရှင်တစ်ခုက ထုတ်ဖော်လိုက်ပါတယ်။

 

▪️ ၁၉၅၀ ခုနှစ်တည်းက အစိုးရထောက်ပံ့ လူမှုဖူလုံရေးဌာနတွေမှာ နွမ်းပါးတဲ့ မိဘတွေ အထူးသဖြင့် တစ်ခုလပ်မိခင်တွေမှ မွေးဖွားတဲ့ ကလေးပေါင်း ၂ သိန်းခန့်ဟာ ဩစတြေးလျ၊ ဒိန်းမတ်၊ အမေရိကန်တို့လို နိုင်ငံတွေမှာ မွေးစားခံခဲ့ရပါတယ်။

 

▪️ ဖြစ်ရပ်အများစုမှာ ဆေးရုံများ၊ သားဖွားခန်းများ၊ မွေးစားရေးအေဂျင်စီများက ကလေးအမေများဟာ စိတ်မနှံ့သူတွေ ဒါမှမဟုတ် ကလေးကို ပြုစုပျိုးထောင်ဖို့ မသင့်လျော်သူတွေလို့ တဖက်သတ် ကြေညာကြပါတယ်။

 

▪️ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေး ကော်မရှင်ရဲ့ တင်ပြချက်အရ မိဘတွေဟာ နိုင်ငံခြား မွေးစားရေးစနစ်နဲ့ ပတ်သက်ပြီး လွဲမှားတတ်ကြကာ သူတို့ရဲ့ကလေးတွေ ပြန်လာလိမ့်မယ်လို့ အတင်းအဓမ္မ ယုံကြည်နေကြပါတယ်။

 

▪️ ကလေးတွေရဲ့ ဘဝတွေက တောင်ကိုရီးယားမှာထက်စာရင် တိုးတက်တဲ့ အနောက်နိုင်ငံကြီးတွေမှာ ပိုမိုကောင်းမွန်လိမ့်မယ်လို့ သိမ်းသွင်းခံခဲ့ရပါတယ်။

 

▪️ ဒီအတွက် အစိုးရအနေနဲ့ နစ်နာသူတွေကို တရားဝင်တောင်းပန်မှု ပြုလုပ်ရန်နဲ့ နစ်နာကြေးပေးမယ့် အစီအစဉ်တစ်ခုချရန် ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။



▪️ ၁၉၇၀၊ ၁၉၈၀ ဝန်းကျင်တွေတုန်းက တောင်ကိုရီးယားရှိ စစ်အာဏာရှင် လက်ထက်မှာ လူမှုသန့်စင်ရေးမူဝါဒ ချမှတ်ခဲ့ပြီး လူပေါင်းထောင်ချီဟာ အစိုးရထောက်ပံ့ လူမှုဖူလုံရေးဌာနများသို့ အတင်းအကြပ် ခေါ်ခံခဲ့ရပါတယ်။

 

▪️ ထိုဌာနတွေမှာ အကျဉ်းသားများ ဆင်းရဲစွာ ဒုက္ခခံစားရပုံတွေကိုလည်း ကော်မရှင်က ဖော်ပြထားပါတယ်။

 

▪️ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ခဲ့ကာ ဆောက်လုပ်ရေးတွေမှာ လုပ်အားခမပေးဘဲ အဓမ္မခိုင်းစေခြင်း၊ အခြားထိန်းသိမ်းရေးစခန်းများသို့ ပြောင်းခိုင်းခြင်း၊ ရိုက်နှက်ခြင်းတို့ ပါဝင်ခဲ့ပါတယ်။
သေဆုံးသွားသူတွေကို မြေတူးမြှုပ်နှံကာ မိသားစုဝင်တွေကို အသိမပေးခဲ့ပါဘူး။

 

▪️ အမျိုးသမီးတွေ ကလေးမွေးတဲ့အခါ တစ်နေ့နေ့မှာ ကလေးတွေကို နိုင်ငံရပ်ခြားမှာ မွေးစားမယ်ဆိုပြီး ခေါ်ယူသွားကြပါတယ်။

 

#Source: WION