#World_Lifestyle
Published 10 September 2024


▪️ ဂျပန်မှ ကိုယ်ကာယသမားနဲ့ ကလေးအဖေဖြစ်သူ အသက် ၄၀ အရွယ် ဒိုင်အိဆကဲဟိုရီဟာ ၁၂ နှစ်တိုင်အောင် တစ်ညကို နာရီဝက်ခန့်သာ အိပ်စက်ပြီး သူ့ရဲ့ပျမ်းမျှနေထိုင်သက်တမ်းကို နှစ်ဆတိုးနိုင်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

 

▪️ တစ်ညကို မိနစ် ၃၀ မှ ၄၅ မိနစ်ခန့်သာ အိပ်စက်လေ့ရှိပြီး ခန္ဓာနဲ့စိတ်ကို ပုံမှန်အတိုင်း စွမ်းဆောင်နိုင်အောင် လေ့ကျင့်ခဲ့ပါတယ်။

 

▪️ ကျန်တဲ့အချိန်တွေမှာ နိုးကြားနေစေဖို့ ကဖင်းဓာတ်များ သုံးစွဲနေပါတယ်။

 

▪️ အစားမစားခင် တစ်နာရီအလိုမှာ အားဖြည့်အချိုရည်နဲ့ ကော်ဖီ သောက်သုံးခြင်းဖြင့် ငိုက်မျဉ်းခြင်းမရှိဘူးလို့ ပြောပါတယ်။

 

▪️ ဟိုရီက အိုဆာကာ အနောက်မြောက်ပိုင်း ဟျိုဂိုစီရင်စုမှာ နေထိုင်တာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၂ နှစ်ကစတင်ကာ အိပ်ချိန်လျှော့ချလိုက်တာ ဖြစ်ပါတယ်။

 

▪️ လူတွေအိပ်တဲ့အခါမှာ အိပ်ချိန်ထက်စာရင် အိပ်စက်မှုအရည်အသွေးကို ဦးစားပေးတာ ဖြစ်ပါတယ်။

 

▪️ ဂျပန်နိုင်ငံမှ အကောင်းဆုံး ကိုယ်ကာယပြိုင်ပွဲမှာလည်း ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

 

▪️ ဟိုရီရဲ့အကြောင်းနဲ့ ပတ်သက်လို့ ဂျပန်ယိုမီယူရီတီဗီအစီအစဉ်က ၃ ရက်တာ ရိုက်ကူးခဲ့ပါတယ်။
တစ်ရက်မှာ ဟိုရီက ၂၆ မိနစ်အိပ်စက်ခဲ့ပြီးနောက် သဘာဝအတိုင်း နိုးထလာကာ အားအင်ပြည့်ဝနေပါတယ်။

 

▪️ မနက်စာစားခဲ့ပြီး အလုပ်သွားခဲ့ကာ လေ့ကျင့်ခန်းလုပ်တာကိုလည်း ရိုက်ကူးခဲ့ပါတယ်။
ဟိုရီဟာ ၂၀၁၆ ခုနှစ်က ဂျပန်အချိန်တိုအိပ်စက်မှု လေ့ကျင့်ရေးအဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး လူပေါင်း ၂၁၀၀ ကျော်ကို အချိန်တိုအိပ်စက်သူများ ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့ပါတယ်။

 

▪️ နော့သ်ဝဲလ်စတေတန်ကျွန်း ဆေးရုံတက္ကသိုလ်မှ အိပ်စက်မှုပညာရှင် ဒေါက်တာ သောမတ်စ်ကီလ်ကင်နီက တစ်ညကို မိနစ် ၉၀ မျှ အိပ်စက်တယ်ဆိုတာကို ယုံဖို့ခက်နေကြောင်း၊ အိပ်ရေးပျက်ပါက စိတ်နဲ့ခန္ဓာကိုယ်မှာ ဆိုးရွားတဲ့သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ သိရှိထားကြောင်း ပြောပါတယ်။

 

▪️ တစ်နေ့ကို အိပ်ချိန် ၆ နာရီအောက်သာရှိပါက ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

 

▪️ လူ့ခန္ဓာကိုယ်ဟာ အိပ်ချိန်မလုံလောက်ပါက မှန်မှန်ကန်ကန် မလုပ်ဆောင်နိုင်တော့ဘူးလို့ ပြောပါတယ်။

 

▪️ ဟိုရီရဲ့ အိပ်စက်မှုပုံစံနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲနေကြကာ အချို့က သူ့ရဲ့ စိတ်ပိုင်းဖြတ်မှုကို ချီးကျူးနေကြသလို အချို့ကတော့ စိုးရိမ်နေကြပါတယ်။

 

#Source: New York Post