#World_Health
Published 10 September 2024


▪️ အသားအရေ ဝင်းလက်စိုပြေနေတာဟာ ကျန်းမာရေးကောင်းပြီး အာဟာရသင့်တင့်တဲ့ သဘောဖြစ်ပါတယ်။

 

▪️ အသားအရေ ထိန်းသိမ်းရာမှာ အပြင်အရေပြား သာမက ကိုယ်တွင်းအာဟာရဓာတ်ကလည်း အရေးပါပါတယ်။

 

▪️ အသီးဖျော်ရည်တွေဟာ အသားအရေ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

 

▪️ အသားအရေ ကျန်းမာရေးအတွက် အထောက်အကူပေးနိုင်တဲ့ ဖျော်ရည်တွေကို ဖော်ပြလိုက်ပါတယ်။

 

▪️ (၁) မုန်လာဥနီဖျော်ရည် - ဘီတာကယ်ရိုတင်း၊ ဗိုက်တာမင်-အေ၊ စီတို့ကြွယ်ဝကာ အသားအရေး ဝင်းလက်ပြေပြစ်စေပါတယ်။

 

▪️ (၂) သကြားမုန်လာဖျော်ရည် - အဆိပ်အတောက် ပြေစေတဲ့ အစွမ်းသတ္တိရှိပြီး သွေးသန့်စင်ပေးပါတယ်။

 

▪️ (၃) သခွားသီးဖျော်ရည် - ရေဓာတ်များပြားတာကြောင့် အသားအရေ စိုစွတ်စေပါတယ်။

 

▪️ (၄) ဟင်းနုနွယ်ဖျော်ရည် - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗိုက်တာမင်များ ပါဝင်ကာ အရေပြားပြုပြင်မှုကို အားကောင်းစေပါတယ်။

 

▪️ (၅) သလဲသီးဖျော်ရည် - ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်းကြောင့် အရေပြားဆဲလ် ပြန်လည်ရှင်သန်စေပြီး အားဖြည့်ပေးပါတယ်။

 

▪️ (၆) ခရမ်းချဉ်သီးဖျော်ရည် - လိုင်ကိုပင်းဓာတ် ကြွယ်ဝတာကြောင့် နေရောင်ခြည် ထိခိုက်မှုမှ ကာကွယ်ပြီး အသားအရေ တင်းရင်းစေပါတယ်။

 

▪️ (၇) ရှားစောင်းလတ်ပတ်ဖျော်ရည် - ဒဏ်ရာပြန်လည်သက်သာစေတဲ့ အစွမ်းသတ္တိရှိပြီး ရေဓာတ်ဖြည့်ဆည်းပေးပါတယ်။

 

▪️ ဒီဖျော်ရည်တွေဟာ အရေပြားကျန်းမာရေးကို ထောက်ပံ့ပေးပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးကာ တင်းရင်းစေပါတယ်။

 

▪️ ဒီလိုဖျော်ရည်တွေကို နေ့စဉ်ပါဝင်သောက်သုံးခြင်းဖြင့်် ကျန်းမာရေးအကျိုးကျေးဇူးများ စတင်ရရှိစေမှာ ဖြစ်ပါတယ်။

 

#Source: DoctorNDTV