#World_Science
Published 18 March 2025
▪️ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်) အနီရောင်ဖြစ်စေတာဟာ ဂြိုဟ်ကိုဖုံးအုပ်နေတဲ့ ဖုန်မှုန့်များအတွင်းက သံချေးတက်နေတဲ့ သံသတ္တုတွေကြောင့်လို့ ယခင်က တွေးထင်ခဲ့ကြပေမယ့် ယခုအခါ Nature Communicationsဂျာနယ်မှာတော့ တခြားအကြောင်းအရင်းကြောင့်လို့ ဖော်ပြခဲ့ပါတယ်။
▪️ မားစ်ဂြိုဟ်က ကမ္ဘာဂြိုဟ်နဲ့ နီးစပ်တာကြောင့် လေ့လာချက်အများဆုံးပြုလုပ်တဲ့ ဂြိုဟ်တွေထဲက တစ်ခုဖြစ်ပြီး မားစ်ဂြိုဟ် အနီရောင်ဖြစ်ရတဲ့အကြောင်း သိရှိနားလည်မှုကတော့ အခုအခါ ပြောင်းလဲသွားပြီလို့ ဆွစ်ဇာလန် ဘန်းတက္ကသိုလ်မှ သုတေသနပြုစုသူ အဒမ်ဗယ်လန်တီနက်စ်က ပြောပါတယ်။
▪️ လေ့လာချက်များအရ ဂြိုဟ်နီကြီးဟာ သံအောက်ဆိုဒ်တစ်မျိုးဖြစ်တဲ့ ဖယ်ရီဟိုက်ဒရိုက်ကြောင့် အနီရောင်ဖြစ်ရတယ်လို့ ယူဆလာပါတယ်။
▪️ "အမျိုးမျိုးသော သံအောက်ဆိုဒ်တွေ အသုံးပြုပြီး ဓာတ်ခွဲခန်းထဲမှာ မားစ်ဂြိုဟ်အမှုန်များကို ပုံတူပွားဖို့ ကြိုးစားခဲ့ကြပါတယ်။ ဖယ်ရီဟိုက်ဒရိုက်နဲ့ မီးတောင်ကျောက်တို့ ပေါင်းစပ်တဲ့အခါ သတ္တုပစ္စည်းတွေကို တွေ့ခဲ့ကြတယ်" လို့ ရှင်းပြထားပါတယ်။
▪️ ဖန်တီးပြုလုပ်တဲ့ အမှုန်တွေရဲ့ ဂုဏ်သတ္တိတွေကို မားစ်ဂြိုဟ်မှ နမူနာတွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
▪️ ဖယ်ရီဒရိုက်တွေဟာ အေးမြတဲ့ရေမှာ အလျင်အမြန် ဖြစ်ပေါ်တာကြောင့် စိုစွတ်တဲ့ နေရာတွေမှာ ရှိတတ်ပါတယ်။
▪️ ယခင်သုတေသနမှာ သံအောက်ဆိုဒ်တွေထဲ ရေမတွေ့ရှိခဲ့တာကြောင့် ခြောက်သွေ့တဲ့ အခြေအနေတွေမှာ ဟေမတိုက်ကြောင့် အနီရောင်ဖြစ်ရတယ်လို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။
▪️ နောက်ထပ် မစ်ရှင်တွေနဲ့ စမ်းသပ်ချက်တွေကနေ မားစ်ဂြိုဟ်အကြောင်း ပိုမိုနက်နဲစွာ သိလာနိုင်မှာဖြစ်ပါတယ်။
▪️ နာဆာရဲ့ Perseverance အာကာသယာဉ်ကနေ နမူနာများရယူကာ ကမ္ဘာမြေသို့ ပြန်ရောက်တဲ့အခါ ဖယ်ရီဟိုက်ဒရိုက် ဘယ်လောက်ပါလဲဆိုတာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
#Source: New York Post