#Regional_News

၂၉ ဇူလိုင် ၂၀၂၄

မလေးရှားနိုင်ငံက BRICS အဖွဲ့ကြီးထံ ဝင်ရောက်ရန် တရားဝင်လျှောက်ထားလိုက်ပြီး  အဖွဲ့ဝင်ဖြစ်ဖို့ ရုရှားက ထောက်ခံပေးလိမ့်မယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

BRICS စီးပွားရေးအဖွဲ့ကြီးဟာ ယင်းရဲ့ အရှိန်အဝါကို တောင်ကမ္ဘာထဲ တိုးချဲ့ဖို့ ရုရှားက ကြည့်နေပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဟာ မလေးရှားကို နှစ်ရက်တာသွားရောက်ခဲ့ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ကို BRICS အဖွဲ့ဝင်တာ ထောက်ခံပေးမယ်လို့ အာမခံပြောကြားခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရုရှားဟာ BRICS ရဲ့လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး အဖွဲ့မှာ ဘရာဇီးလ်၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိကတို့ပါဝင်ပါတယ်။

မလေးရှားဝန်ကြီးချုပ်အန်ဝါဟာ အစ္စရေးနှင့်ဟားမာ့စ်စစ်ပွဲမှာ အမေရိကန်ရဲ့ရပ်တည်ချက်အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး  အရှေ့ အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုရာမှာ မလေးရှားနှင့်ရုရှားတို့ ရပ်တည်ချက်အတူတူရှိကြတယ်လို့ ပြောထား ပါတယ်။

Source : Bloomberg