၂၃ နိုဝင်ဘာ ၂၀၂၃

လန်ဒန်- ဘုရင်ချားလ်စ်က တောင်ကိုရီးယားကေပေါ့တ် အဖွဲ့ ဘလက်ပင့်  BLACKPINK ကို ဗြိတိန်အင်ပါယာ ဂုဏ်ထူးဆောင် ဆုတံဆိပ်တွေကို တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုလ်ရှေ့မှာပဲ ချီးမြှင့်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတက ယူနိုက်တက်ကင်းဒမ်းရှိ ဘတ်ကင်ဟမ်နန်းတော်သို့သွားရောက်လည်ပတ်စဉ် ဘုရင်ချားလ်စ်က ထိုဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဘလက်ပင့် BLACKPINKအဖွဲ့မှ လေးဦးဖြစ်တဲ့ ဂျင်နီး၊ဂျီဆို၊လီဆာနှင့် ရို့စ်တို့ဟာ ဘွဲ့တံဆိပ်ချီးမြှင့်စဉ် ဗြိတိန်တော်ဝင်ဘုရင်နှင့်အတူ စကားပြောရွှင် ရယ်မောပြီး ဓာတ်ပုံအရိုက်ခံခဲ့ကြပါတယ်။

“ ဒီနစ်တွေအပြီးမှာ မင်းတို့ တစ်ဦးနှင့်တစ်ဦးစကားပြောနေကြတုန်းမို့ အံ့အားသင့်စရာပဲ” လို့ ဘုရင်းချားစ်လ်က အခမ်းအနာမှာ အဖွဲ့ ဝင် မိန်းကလေးတွေကို နောက်ပြောင်ပြောဆိုပါတယ်။

ဗြိတိန်ဘုရင်ချားစ်ဟာ ဘလက်ပင့်ရဲ့ အဖွဲ့သူတွေဖြစ်တဲ့ ရိုစ်( ရိုဆန်နီပတ်ခ်)၊ ဂျီဆိုကင်မ်၊ ဂျင်နီးကင်မ်နှင့် လီဆာ( လာလီဆာမိုနိုဘန်) တို့ကို ဂုဏ်ထူးဆောင် MBE ဆုတံဆိပ်တွေကို အခမ်းအနားနှင့်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

“ တစ်ချိန်ချိန်မှာတော့ မင်းတို့ရဲ့ လိုက်ဗ်ရှိုးကို ကျွန်တော်ကြည့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်” လို့ဘုရင်ချားလ်စ်ကပြောပါတယ်။

၂၀၂၁ခုနှစ်တုန်းက ဂလပ်စ်ဂိုးမှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုထိပ်သီးညီလာခံမှာ BLACKPINK အဖွဲ့ဟာ ယင်းကို ထောက်ခံအားပေးခဲ့တာကို အသိအမှတ်ပြုတဲ့အနေနှင့် ယခုဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်ရခြင်းဖြစ်တယ်လို့ ဘတ်ကင်ဟမ်နန်းတော်က ပြောပါတယ်။

ဘလက်ပင့်ဟာ ဇူလိုင်လမှာ သမိုင်းဝင်တဲ့ ပွဲတစ်ခုလုပ်ခဲ့ပါတယ်။ လန်ဒန်မြို့လယ်မှာကျင်းပခဲ့တဲ့ ယူကေရဲ့ အထင်ကရ ဂီတပွဲတော် BST Hyde Park နွေရာသီပွဲတော်မှာ သူတို့အဖွဲ့ဟာ ပရိဿတ်ခြောက်သောင်းခွဲခန့်ရှေ့မှ လက်မှတ်တွေအကုန်ရောင်းရတဲ့အထိ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။

သူတို့ဟာ ၂၀၁၆နှစ်မှာ ပွဲဦးထွက်စတင်ခဲ့ပြီး ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အမျိုးသမီးအဖွဲ့တွေထဲမှာ တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။ ယူကျုမှာ စာရင်းသွင်းကြည့်ရှုသူအများဆုံး အဆိုတော်တွေလည်းဖြစ်ခဲ့ကြပါတယ်။

Source Reuters