#World_News
Published 24 August 2024


▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီတို့ သောကြာနေ့က စကားပြောဆိုခဲ့ကြကာ အမေရိကန်က ဒေါ်လာ ၁၂၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီသစ်များ ထောက်ပံ့ပေးသွားရန် ကြေညာခဲ့ပါတယ်။

 

▪️ ယူကရိန်းတို့ရဲ့ လွတ်လပ်ရေးနေ့မတိုင်ခင်မှာ ခေါင်းဆောင်နှစ်ဦး ပြောဆိုခဲ့ကြတာဖြစ်ပြီး ထိုနေ့မှာပဲ ရုရှားကျူးကျော်မှုမှာ ပတ်သက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေရာနဲ့ချီပြီး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

 

▪️ အဆိုပါ ထောက်ပံ့ရေးထဲမှာ ယူကရိန်းရဲ့ အရေးကြီး အခြေခံအဆောက်အအုံတွေကို ကာကွယ်ပေးမယ့် လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ၊ ဒရုန်းကာကွယ်ရေးကိရိယာတွေ၊ စစ်မြေပြင်ပေါ်မှာ ပြောင်းလဲလာတဲ့ ရုရှားဗျူဟာများမှ ကာကွယ်မယ့် ကျည်ကာခွင်းဒုံးကျည်များ၊ ရှေ့တန်းတပ်သားများအတွက် ခဲယမ်းများနဲ့ ကာကွယ်ပေးမယ့် ဒုံးပျံစနစ်များ ပါဝင်တယ်လို့ ဘိုင်ဒင်ကပြောပါတယ်။

 

▪️ ဒီပဋိပက္ခမှာ ရုရှားအနိုင်ရမှာမဟုတ်ဘဲ ယူကရိန်းမှ လွတ်လပ်ရေး ကာကွယ်လိုသူတွေသာ အနိုင်ရမှာဖြစ်ကြောင်း၊ အမေရိကန်နဲ့ မဟာမိတ် မိတ်ဖက်များက ယူကရိန်းနဲ့ အတူရပ်တည်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

 

▪️ ယခုအထောက်အပံ့ထဲမှာ အမေရိကန် လက်နက်တိုက်မှ ပစ္စည်းတွေပါဝင်ပြီး ယူကရိန်းတို့ အရေးတကြီး လိုအပ်နေတဲ့ အရာတွေနဲ့ ကိုက်ညီတာတွေကို ထောက်ပံ့ထားတယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက ပြောပါတယ်။

 

▪️ ဇယ်လန်စကီကလည်း စစ်ရေးကူညီထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး လေကြောင်းကာကွယ်ရေးအတွက် အရေးတကြီး လိုအပ်တာတွေ ရှိတယ်လို့ ပြောပါတယ်။



▪️ ၂၀၂၂ ဖေဖော်ဝါရီ ရုရှားတို့စတင်ကျူးကျော်ကတည်းက အမေရိကန်ဟာ ယူကရိန်းကို စစ်ရေးအဓိက ထောက်ပံ့နေသူဖြစ်ပြီး လက်နက်ခဲယမ်းတန်ဖိုးပေါင်း ဒေါ်လာ ၅၅ ဘီလီယံကျော် ရှိနေပြီဖြစ်ပါတယ်။

 

▪️ ရုရှားစစ်ပွဲဆက်လက် ဆင်နွှဲနိုင်ရန်နဲ့ အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်ရန် ကူညီပေးနေတဲ့ လုပ်ငန်းတွေ ပုဂ္ဂိုလ်တွေ ၄၀၀ နီးပါးကို အမေရိကန်ဘဏ္ဍာရေးဌာနနဲ့ စီးပွားကူးသန်းဌာနက သောကြာနေ့အစောပိုင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။



#Source: NDTV