#World_News
Published 17 August 2024


▪️ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကို ရာထူးမှဖြုတ်ချခဲ့ကြတဲ့ ဆန္ဒပြကျောင်းသားတွေဟာ နိုင်ငံရဲ့ အဓိကနိုင်ငံရေးပါတီ ၂ ခုမှ ရွေးကောက်ပွဲ အလျင်အမြန်ပြုလုပ်ရန် တောင်းဆိုချက်များကို ငြင်းဆန်လိုက်ပြီး ယင်းတို့ရဲ့ ကိုယ်ပိုင်ပါတီ ထူထောင်ရန် စီစဉ်နေကြတယ်လို့ ဆန္ဒပြခေါင်းဆောင် ၄ ဦးနဲ့ အင်တာဗျူးရာကနေ သိရှိရပါတယ်။

 

▪️ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း တိုင်းပြည်ကို ဟာဆီနာ သံမဏိစည်းမျဉ်းဖြင့် အုပ်ချုပ်ခဲ့တာမျိုး ထပ်မံမဖြစ်ပွားရန် မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

 

▪️ ဇွန်လတုန်းက အစိုးရအလုပ်နေရာတွေအတွက် တိုင်းပြည်လူဦးရေကို ခွဲတမ်းဖြင့် တာဝန်ပေးသွားမယ့် ဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ အသက် ၂၀ ဝန်းကျင် ကျောင်းသားခေါင်းဆောင် အနည်းငယ်ဟာ ဆန္ဒပြပွဲများ စတင်ပြုလုပ်ခဲ့ကြပါတယ်။

 

▪️ ၂ လအတွင်းမှာပဲ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် ဟာဆီနာအစိုးရအဖွဲ့အပေါ် မကျေနပ်မှုပိုမိုကြီးထွားလာကာ ရာထူးမှနုတ်ထွက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

 

▪️ ဆန္ဒပြမှုဖြိုခွင်းစဉ် အနည်းဆုံးလူ ၃၀၀ သေဆုံးခဲ့ကြပါတယ်။

 

▪️ ဒီလှုပ်ရှားမှုဟာ ဂျန်ဇီတော်လှန်ရေး ဖြစ်လာပြီး ဘင်္ဂလားဒေ့ရှ်လူငယ်တွေက အလုပ်လက်မဲ့ များပြားလာခြင်း၊ ပြည်သူ့လွတ်လပ်ခွင့် လျော့နည်းလာခြင်းတို့အပေါ် နှစ်ပေါင်းများစွာ မကျေနပ်ခြင်းကြောင့် ပေါ်ပေါက်လာရပါတယ်။

 

▪️ အခုဆိုရင် နိုဘယ်လ်ဆုရှင် စာဆိုတော် မူဟာမက်ယူနက်စ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရက နိုင်ငံကိုအုပ်ချုပ်နေပြီး ကျောင်းသားခေါင်းဆောင် ၂ ဦးက အကြီးတန်းရာထူးနေရာမှာ ပါဝင်နေပါတယ်။

 

▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း ဘင်္ဂလားဒေ့ရှ်မှာ ဟာဆီနာရဲ့ အဝါမီလိဂ်ပါတီနဲ့ ပြိုင်ဘက် ခါလီဒါဇီယာရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီတို့ကသာ တစ်ခုမဟုတ်တစ်ခု အုပ်ချုပ်နေခဲ့ကာ ထိုနှစ်ဦးစလုံးက အသက် ၇၀ ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။

 

▪️ ဒါကြောင့် ကျောင်းသားခေါင်းဆောင်တွေက နိုင်ငံရေးပါတီတစ်ခု ဖွဲ့စည်းရန် ဆွေးနွေးနေကြကြောင်း အစိုးရနဲ့ လှုပ်ရှားသူများကြား စေ့စပ်ညှိနှိုင်းရေးတာဝန် ပေးအပ်ခံထားရတဲ့ ကော်မတီဥက္ကဌ မာဖူဂျ်အလမ်က ပြောပါတယ်။

 

▪️ ၁ လအတွင်း ဆုံးဖြတ်ချက်ချသွားမှာဖြစ်ပြီး ဆန္ဒပြခေါင်းဆောင်တွေက မဆုံးဖြတ်ခင်မှာ အရပ်သားတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားလိုကြောင်း အသက် ၂၆ နှစ်အရွယ် ဥပဒေကျောင်းသားက ရိုက်တာသတင်းဌာနကို ပြောပြပါတယ်။

 

▪️ အစိုးရပြောင်းလဲမှုကြောင့် တရားရေးဌာန အကြီးအကဲ၊ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး၊ ကျောင်းသားများဖြိုခွင်းခြင်းကို ကြီးကြပ်ခဲ့တဲ့ ရဲမှူးတို့ကတော့ ရာထူးမှနုတ်ထွက်လိုက်ရပါတယ်။

 

#Source: Reuters