#World_Society
Published 21 August 2024


▪️ ဟောလိဝုဒ်မှ နာမည်ကြီးစုံတွဲ ဂျနီဖာလိုပက်ဇ်နဲ့ ဘင်အက်ဖ်လက်ခ်တို့ဟာ ဒုတိယအကြိမ် ချစ်ကြိုးသွယ်ခဲ့ကြပြီးနောက် ၂ နှစ်အကြာမှာပဲ ဂျနီဖာလိုပက်ဇ်က ဘင်အက်ဖ်လက်ခ်နဲ့ ကွာရှင်းဖို့ လျှောက်ထားလိုက်ကြောင်း အမေရိကန်မီဒီယာက အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။

 

▪️ ယင်းတို့ဟာ ၂၀၀၀ ခုနှစ်အစောပိုင်းက စတင်ချိန်းတွေ့ခဲ့ကြပြီး နောက်ထပ် ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ သူတို့ရဲ့ မေတ္တာရေး ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။

 

▪️ ဒါပေမဲ့ ယခုအင်္ဂါနေ့မှာ လိုပက်ဇ်က လော့စ်အိန်ဂျလိစ်တရားရုံးမှာ ကွာရှင်းစာတမ်း လျှောက်တင်ခဲ့ကြောင်း TMZ ဝက်ဘ်ဆိုက်မှ ဆိုပါတယ်။

 

▪️ ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်စလုံးမှ မှတ်ချက်ပြောကြားခြင်း မရှိသေးပါဘူး။

 

▪️ အသက် ၅၅ နှစ်ရှိ လိုပက်ဇ်ဟာ ၄ ကြိမ်မြောက် အိမ်ထောင်ကျထားတာ ဖြစ်ပြီး အသက် ၅၂ နှစ်ရှိ အက်ဖ်လက်ခ်ကတော့ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

 

▪️ သူတို့နှစ်ဦးဟာ ၂၀၀၂ ခုနှစ်က Gigli ဇာတ်ကား ရိုက်ကူးစဉ် စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ချိန်းတွေ့နေကြပြီး စေ့စပ်ကြောင်း ကြေညာတဲ့အချိန်မှာ မီဒီယာတွေ အထူးအာရုံစိုက်လာကြပါတယ်။

 

▪️ ၂၀၀၃ ခုနှစ်မှာ မင်္ဂလာဆောင်ကို ရွှေ့ဆိုင်းခဲ့ပြီး ၂၀၀၄ ခုနှစ်အစောပိုင်းမှာ သူတို့ရဲ့ ပတ်သက်မှု ပြီးဆုံးသွားပြီလို့ ကြေညာခဲ့ပါတယ်။

 

▪️ ၂၀၂၁ မှာတော့ ယင်းတို့နှစ်ဦးဟာ စုံတွဲပုံတွေကို အင်တာနက်မှာ ထပ်တင်ခဲ့ပြီး ပျံ့နှံ့လာခဲ့ပြန်တယ်။

 

▪️ ဒုတိယအကြိမ် ချစ်ခွင့်ရတာ ကျေနပ်စရာပါလို့ လိုပက်ဇ်က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

 

▪️ ၂၀၂၂ ဧပြီမှာ စေ့စပ်ကြောင်း ကြေညာခဲ့ပြီး ဇူလိုင်မှာ လက်စ်ဗေးဂတ်စ်မှာ လက်ထပ်ခဲ့ကြပါတယ်။

 

▪️ နောက်ထပ်တစ်လမှာပဲ အမေရိကန် ဂျော်ဂျီယာရှိ ၈၇ ဧကကျယ်တဲ့ Good Will Hunting မြေနေရာမှာ ပွဲအခမ်းအနား ထပ်မံပြုလုပ်ခဲ့ပါတယ်။

 

▪️ ယမန်နှစ်က လော့စ်အိန်ဂျလိစ်မှာ ဒေါ်လာသန်း ၆၀ တန်အိမ်တစ်လုံးကို အတူတူဝယ်ယူခဲ့ကြပါသေးတယ်။

 

▪️ ယခုနှစ် အစောပိုင်းမှာတော့ ထိုစုံတွဲမှာ အိမ်ထောင်ရေး ပြဿနာတွေ ဖြစ်နေတဲ့ သတင်းတွေ တက်လာခဲ့ပါတယ်။

 

▪️ လိုပက်ဇ်ဟာ ပြီးခဲ့တဲ့လက ၅၅ နှစ်ပြည့်မွေးနေ့ကို အက်ဖ်လက်ခ်မပါဘဲ ကျင်းပခဲ့ပြီး အတူတကွ ဝယ်ယူထားတဲ့ အိမ်ကိုရောင်းကာ အက်ဖ်လက်ခ်က တစ်ဦးတည်းနေ ဇိမ်ခံအိမ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။

 

▪️ People magazine ပြောကြားချက်အရ သူတို့ဟာ ဆယ်လီနေထိုင်ပုံစံနဲ့ ပတ်သက်ပြီး ကွဲလွဲနေတာကြောင့် ဆက်ဆံရေး တင်းမာလာတယ်လို့ ဆိုပါတယ်။

 

▪️ လိုပက်ဇ်က သူမရဲ့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြနေထိုင်လိုပေမယ့် အက်ဖ်လက်ခ်ကတော့ သိုသိုသိပ်သိပ် နေထိုင်ချင်တာကြောင့် တစ်နေ့ထက်တစ်နေ့ ပိုမိုခက်ခဲလာတယ်လို့ ဖော်ပြထားပါတယ်။

 

▪️ လိုပက်ဇ်က ယခင်က သရုပ်ဆောင် အိုဂျာနီနိုအာ၊ အကသမား ခရစ္စဂျုဒ်၊ အဆိုတော် မာ့ခ်အန်သိုနီတို့နဲ့ လက်ထပ်ဖူးကာ အက်ဖ်လက်ခ်က မင်းသမီး ဂျန်နီဖာဂါနာနဲ့ လက်ထပ်ဖူးပါတယ်။

 

#Source: Barron's