၂၈ ဩဂုတ် ၂၀၂၄

မွေးကင်းစကလေးငယ်များကို လူကုန်ကူးတဲ့ လူပေါင်း ၁၂ ဦးကျော်ပါတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ဗီယက်နမ်နိုင်ငံတွင် ဖမ်းဆီးမိတယ်လို့သိရပါတယ်။

သူတို့ဟာ ဗီယက်နမ်က မြို့ကြီးများနှင့် ပြည်နယ်တစ်လွှားမှာ မွေးကင်းစ ကလေးငယ် ၁၆ ဦးကို လူကုန်ကူးခဲ့ကြတာဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းက ဗီယက်နမ်နိုင်ငံပိုင်မီဒီယာကို ကိုးကားပြီး ရေးသားပါတယ်။

အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၆ ဦးကို  အသက် သုံးရက်သားမှ သုံးလသားအကြား ကလေးငယ်တွေကို အရောင်းအဝယ်ပြုလုပ်မှုနှင့် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။  ကလေးတွေကို ဆက်ပြီးကျွေးမွေးရမှာ မတတ်နိုင်တော့တဲ့ မိခင်တွေကို အဆိုပါဂိုဏ်းက သီးသန့်အုပ်စုများမှတစ်ဆင့် ပစ်မှတ်ထား ဆက်သွယ်ကြတာဖြစ်ပါတယ်။ သူတို့ဟာ ကလေးတစ်ဦးကို ဒေါ်လာ ၄၀၀ မှ ဒေါ်လာ ၉၃၀ အကြား ပေးပြီးဝယ်ယူကြပါတယ်လို့သတင်းကရေးသားပါတယ်။ အဲဒီနောက် သူတို့ဟာ မွေးစားစာချုပ်အတုတွေပြုလုပ်ပြီး တစ်ဦးကို ဒေါ်လာ ၁၄၀၀ နှင့် ဒေါ်လာ ၃၀၀၀ အကြား ပြန်ရောင်းကြတယ်လို့သိရပါတယ်။

ယခုနှစ်စကတည်းက မြို့ကြီးများနှင့်ပြည်နယ် ၃၂ခုတို့မှာ သံသယဖြစ်စရာ မွေးကင်းစကလေးငယ် လူကုန်ကူးသံသယရှိသူ ၈၄ ဦးကို ဗီယက်နမ်ရဲတွေက စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။

#Source- AFP