#World_Health
Published 13 August 2024


▪️ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးဆိုတာဟာ အစာခြေစနစ် ဘယ်လောက်ကောင်းမွန်လဲဆိုတာကို ပြသနေပြီး အစာအိမ်၊ အူအင်္ဂါများနဲ့ အခြားအစာခြေအင်္ဂါများ အတူတကွ လုပ်ဆောင်ကြပါတယ်။

 

▪️ အစာခြေစနစ်မှာပါတဲ့ ပိုးမွှားတွေကလည်း အရေးပါနေပြီး လုပ်ဆောင်ချက်များစွာ လုပ်ပေးပါတယ်။



▪️ အူလမ်းကြောင်းပြဿနာ ဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ လက္ခဏာအများအပြား ဖြစ်ပေါ်စေပါတယ်။

 

▪️ အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

 

▪️ (၁) တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စသဖြင့် ဖိစီးမှုလျော့ကျအောင် ပြုလုပ်ပြီး စိတ်တည်ငြိမ်အောင် လုပ်နိုင်ပါတယ်။

 

▪️ (၂) လုံလောက်စွာ အိပ်စက်ခြင်းဖြင့် အူလမ်းကြောင်း ဘက်တီးရီးယားဖွဲ့စည်းပုံကို ကောင်းမွန်စေကာ ညဘက် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်သင့်ပါတယ်။

 

▪️ (၃) ဖြည်းညင်းစွာ စားသောက်ပါက အစာခြေစနစ်အနေနဲ့ အစာတွေကို ချေဖျက်ဖို့ အချိန်ပိုမိုရရှိပါတယ်။

 

▪️ (၄) ရေဓာတ်လုံလောက်စွာ နေထိုင်ပါက အဆိပ်အတောက်များ ဖယ်ရှားပေးကာ အစာခြေခြင်းကို ထောက်ကူပေးပါတယ်။

 

▪️ (၅) ပရိုဘိုင်အိုတစ်နဲ့ ပရီဘိုင်အိုတစ် ဖြည့်စွက်ဆေးများ အသုံးပြုပေးခြင်းဖြင့် အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေနိုင်ပါတယ်။

 

▪️ (၆) မိမိနဲ့ မတည့်တဲ့ အစားအစာတွေက အူလမ်းကြောင်းကို ထိခိုက်စေပြီး အစာခြေမှုကို နှောင့်ယှက်စေတာကြောင့် ထိုအစားအစာတွေကို စောင့်ကြည့်ရှောင်ရှားသင့်ပါတယ်။

 

▪️ (၇) အမျှင်ဓာတ် ကြွယ်ဝပြီး ပရိုဘိုင်အိုတစ်ပါဝင်တဲ့ အစားအစာတွေက အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားတွေကို ကြီးထွားစေပါတယ်။

 

▪️ (၈) မကြာခဏ လှုပ်ရှားလေ့ကျင့်မှု ပြုလုပ်ပေးပါက အူလမ်းကြောင်း လှုပ်ရှားမှုကို မြှင့်တင်ပေးပြီး အစာခြေစနစ် ကောင်းမွန်စေပါတယ်။

 

▪️ (၉) အူလမ်းကြောင်း ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ ဖြည့်စွက်ဆေးများက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

 

▪️ အစားအစာအနေနဲ့ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံ၊ ဟင်းရွက်၊ ဂျုံစပါး၊ ပဲတို့က ဝမ်းပုံမှန်သွားစေပါတယ်။

 

▪️ ကြက်သွန်ဖြူက အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ဖွံ့ဖြိုးကြီးထွားစေပါတယ်။

 

▪️ အချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်၊ ကင်မ်ချီတို့က အကျိုးပြုဘက်တီးရီးယားတွေကနေ လက်တစ်အက်ဆစ် ထုတ်လုပ်ပေးပါတယ်။

 

#Source: The Jerusalem Post