#WorldHealth

Published 25 December 2021

 

ကိုဗစ်ရောဂါကုသရာမှာ အသုံးပြုလို့ရတဲ့ Eli Lilly ကုမ္ပဏီမှထုတ်လုပ်တဲ့ monoclonal antibody ဆေး ဘမ်လာနီဗီမက် (Bamlanivimab) ဟာ လူနာခန္ဓာကိုယ်ခုခံအားရဲ့ antibody ထွက်ရှိမှုအပေါ်မူတည်ပြီး ထိရောက်စိတ်ချရမှု ပြောင်းလဲသွားနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ဆေးရုံတက်ရောက်ကုသနေရပြီး ဘမ်လာနီဗီမက် အသုံးပြုထားတဲ့ ကိုဗစ်ရောဂါလူနာ ၁၆၃ ဦးရဲ့ စမ်းသပ်ချက်အချို့ကို သုတေသီတိုက ပြန်လည်ဆန်းစစ်ခဲ့ကြပါတယ်။အဆိုပါလူနာတွေရဲ့ တဝက်လောက်က စတင်လေ့လာချိန်မှာ ဗိုင်းရပ်စ်ကိုခုခံနိုင်မယ့် ကိုယ်ပိုင် antibody တွေမရှိခဲ့ဘဲ လျင်လျင်မြန်မြန် ရောဂါမှသက်သာလာကြတာကို တွေ့ရှိရပါတယ်။

 

antibody ရှိပြီးသား လူနာတွေမှာတော့ ဘမ်လာနီဗီမက်ဆေးကြောင့် အတွင်းအင်္ဂါချိုယွင်းတာတွေ၊ ဘေးထွက်ဆိုးကျိုးတွေ၊ အသက်အန္တရာယ်ဖြစ်မှုတွေ ရှိလာနိုင်တာကို တွေ့ရှိခဲ့ကြောင်း သုတေသီတို့က တနင်္လာနေ့က ဖော်ပြလိုက်ပါတယ်။သိချင်တဲ့အချက်အလက်အတိုင်း စမ်းသပ်ချက်တွေကို ပြုလုပ်မယ်ဆိုရင် ပြန်လည်ဆန်းစစ်ချက်တွေဟာလည်း ယုံကြည်အားထားလို့ရမှာ မဟုတ်ပါဘူး။

 

ဆန်းစစ်သုံးသပ်ချက်အရ antibody ကုသဆေးနဲ့ ပတ်သက်ပြီး သိထားရမယ့်အချက် ၂ ချက်ရှိကြောင်း ကိုပင်ဟေဂင်တက္ကသိုလ်မှ ဒေါက်တာယန်းစ်လန်ဂရန်က ဆိုပါတယ်။Monoclonal antibody တွေက antibody မထွက်ပေါ်သေးတဲ့လူနာတွေမှာ ထိရောက်နိုင်ပေမယ့် ကိုယ်ခန္ဓာခုခံအားစနစ်တုန့်ပြန်ပြီးသား လူနာတွေမှာတော့ ဘေးအန္တရာယ်ဖြစ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။

 

SARS-CoV-2 ဗိုင်းရပ်စ်ကို ချေဖျက်ပေးနိုင်တဲ့ monoclonal antibody ဆေးတွေကို အမေရိကန် FDA က အသုံးပြုခွင့်ပေးထားပြီး ဘမ်လာနီဗီမက်နဲ့ အတူတွဲသုံးရတဲ့ အီတက်ဆီဗီမက်(etesevimab) တို့လည်း ပါဝင်ပါတယ်။

 

Source: Reuters.

#Yangon_Media_Group