၁၈ ဩဂုတ် ၂၀၂၄

ပြင်သစ်နိုင်ငံရဲ့ အကျော်ဇေယျ ရုပ်ရှင်မင်းသားကြီး အယ်လိန်ဒီလွန်ဟာ  တနင်္ဂနွေနေ့ ဩဂုတ် ၁၈ ရက်က နာတာရှည် ကျန်းမာရေးချို့ယွင်းနေရာကနေ သေဆုံးသွားပြီဖြစ်တယ်လို့ သားသမီး (၃)ဦးက အေအက်ဖ်ပီကို ကြေညာချက် ထုတ်ပြောကြားပါတယ်။ မင်းသားကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပါတယ်။

“ အယ်လိန်ဖာဘီယမ်၊ အန်နောချ်ကာ၊အန်တိုနီနှင့် လောင်ဘို(သူ၏အချစ်တော်ခွေး) တို့ဟာ သူတို့ဖခင်ကြီးကွယ်လွန်သွားတဲ့ အတွက်စိတ်ထိခိုက်ကြေကွဲဝမ်းနည်းနေကြပါတယ်။ သူဟာ သားသမီး (၃)ဦးနှင့်မိသားစုဝင်တွေခြံရံလျက်နှင့်ပဲ သူရဲ့ ဒေါက်ချီ က နေအိမ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

 သူ့ရဲ့ နာမည်ကျော် ဂန္တဝင်ရုပ်ရှင်ကားကြီးတွေဖြစ်တဲ့ Purple Noon (၁၉၆၀)၊ "Le Samurai" (1967)တို့နှင့်နာမည်ရခဲ့တဲ့  မင်းသားကြီးဟာ ညသန်းခေါင် ခပ်စောစောပိုင်းမှာကွယ်လွန်ခဲ့ပါပြီ” လို့ သတင်းထုတ်ပြန်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ရုပ်ရှင်ပိတ်ကားပေါ်မှာ သိပ်မတွေ့ရတော့တဲ့ ဒီလွန်ဟာ သူ့ကလေးတွေက သူ့ကို စောင့် ရှောက်တဲ့ ဟီရိုမီရိုလင်းက ဖခင်အပေါ် ထိပါးနှောက်ယှက်တာတွေလုပ်တယ်ဆိုပြီး အမှုဖွင့်လို့ သတင်းခေါင်းစီးတွေဖြစ်ခဲ့ ဖူးပါတယ်။

သူဟာ ၂၀၁၉ခုနှစ်မှာ ကိန်းရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တာဟာ ပရိဿတ်ရှေ့ နောက်ဆုံးထွက်ပြခဲ့ခြင်းပဲဖြစ်ပါတယ်။

Source AFP