#World_News
Published 01 April 2024


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တရားဝင်စီးနင်းတဲ့ Air Force One လေယာဥ်ပေါ်မှ ပစ္စည်းများကို ထပ်မံခိုးယူတာမျိုး မပြုလုပ်ရန် အိမ်ဖြူတော်က သတင်းထောက်များကို အသိပေးမှာကြားလိုက်ပါတယ်။

 

ပစ္စည်းခိုးယူမှုအကြောင်းကို အိမ်ဖြူတော်စာနယ်ဇင်း အဖွဲ့အစည်းမှ အသေးစိတ်စုံစမ်းခဲ့ရတာဟာ အမေရိကန်မြို့တော်မှာ မတ်လ ၂၆ ရက်နေ့က ဂယက်ရိုက်သွားခဲ့ပါတယ်။

 

သတင်းထောက်အချို့ဟာ Air Force One အမှတ်အသားပါတဲ့ ဝီစကီခွက်တွေ၊ ဝိုင်ခွက်တွေကစလို့ အခြားသောပစ္စည်းများကို လေယာဥ်ပေါ်မှ မဆင်းမီ တိတ်တိတ်လေး ယူဆောင်သွားကြတယ်လို့ Politico သတင်းစာက ဖော်ပြထားပါတယ်။

 

သတင်းထောက်အခန်းမှ အမှတ်တရအဖြစ် သတင်းထောက်တွေ ခိုးယူသွားတဲ့ ပစ္စည်းတွေ ပျောက်ဆုံးနေတာကို မသိဘဲမနေဘူးလို့ အိမ်ဖြူတော် သတင်းထောက်အဖွဲ့အစည်းက အဖွဲ့ဝင်သတင်းထောက်များကို အီးမေးလ်မှ အသေအချာ သတိပေးခဲ့ပါတယ်။

 

အမေရိကန်သမ္မတက ဘိုးအင်းလေယာဥ်ဖြင့် တရားဝင်ကိစ္စများအတွက် အပြင်သွားရောက်တဲ့အခါတိုင်း သတင်းထောက် ၁၃ ဦး လိုက်ပါကြပါတယ်။

 

လေယာဥ်ပေါ်မှာ သတင်းထောက်တွေရဲ့ စားသောက်စရိတ်ကို သက်ဆိုင်ရာ မီဒီယာများက အကုန်အကျ ခံပေးတာဖြစ်ပါတယ်။

 

သမ္မတအမှတ်အသားနဲ့ လက်မှတ်ပါတဲ့ M&M ချောကလက်ထုပ်လေးတွေကို အမှတ်တရလက်ဆောင်အဖြစ် ပေးကြပါတယ်။

 

Air Force One အမှတ်တံဆိပ်ပါ ပစ္စည်းများကိုတော့ အွန်လိုင်းကနေ ဝယ်ယူရရှိနိုင်ပါတယ်။

 

သတင်းဖော်ပြချက်အရ သတင်းထောက်တွေဟာ ထိုမျှကျေနပ်မှု မရနိုင်ဘဲ လေယာဥ်ပေါ်မှဆင်းတဲ့အခါ သူတို့ရဲ့ လက်ဆွဲအိတ်တွေထဲမှာ ပန်းကန်ပြားတွေ ဖန်ခွက်တွေ ပွတ်တိုက်တဲ့အသံတွေ ကြားရတယ်လို့လည်း သိရပါတယ်။

 

သတင်းထောက်တစ်ဦးဟာ အဖွဲ့အစည်းရဲ့ အပြင်းအထန် ဝေဖန်မှုကို ဂရုပြုကာ အစည်းအဝေးတစ်ခု ပြုလုပ်ပြီးနောက် ပန်းထိုးထားတဲ့ ခေါင်းအုံးစွပ်တစ်ခုကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

#World_News #အမေရိကန်သမ္မတ #လေယာဥ်ပေါ်မှပစ္စည်းများအားထပ်မံခိုးယူခြင်းမပြုရန်သတိပေး #Source: WION