#World_Health
Published 17 August 2024


▪️ အာလူးဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာလို့ အတော်များများက မမြင်ကြပါဘူး။

 

▪️ ယခုသုတေသနအသစ်မှာတော့ အာလူးဟာ ဆီးချိုရောဂါခံစားနေရသူတွေအတွက် အပြောင်းအလဲဖြစ်နိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေနိုင်တယ်လို့ တွေ့ရှိလာပါတယ်။

 

▪️ အာဟာရဓာတ် အမျိုးမျိုး ပါဝင်ကာ သွေးတွင်းသကြားဓာတ် တိုးတက်စေနိုင်သလို ခါးအရွယ်အစား လျော့ကျစေနိုင်ပါတယ်။

 

▪️ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ သတ္တုဓာတ်များ ကြွယ်ဝပေမယ့် အာလူးကို သိပ်ပြီးအလေးမထားကြပါဘူး။

 

▪️ အာလူးဆိုတာနဲ့ အာလူးကြော်လိုမျိုး အဆီပါတဲ့အစာအဖြစ် မြင်နေကြကြောင်း၊ အာလူးကို သေချာလေးပြင်ဆင်စားသုံးရင် ကျန်းမာရေးအတွက် ကောင်းမွန်နိုင်ကြောင်း တွဲဖက်ပရော်ဖက်ဆာ နက်ဒါအက်ခါဗန်က ရှင်းပြပါတယ်။

 

▪️ သုတေသနပြုလုပ်ရာမှာ ဆီးချိုရောဂါရှိသူ ၂၄ ဦးကို အာလူးဖုတ် နေ့စဉ်ကျွေးမွေးပြီး နောက်ထပ်အဖွဲ့ကိုတော့ ထမင်းစားစေခဲ့ပါတယ်။

 

▪️ ၁၂ ပတ်အကြာ လေ့လာရာမှာ နှလုံးဇီဝကမ္မ ကျန်းမာရေး အမှတ်အသားတွေနဲ့ သွေးတွင်းသကြားဓာတ်တို့ကို စောင့်ကြည့်ခဲ့ပါတယ်။

 

▪️ ထိုအခါမှာ အာလူးစားသူတွေက သွေးတွင်းသကြားဓာတ် အတော်အသင့် ကျဆင်းသွားပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံအရွယ်အစားလည်း အနေတော်ဖြစ်လာကာ ငြိမ်နေတဲ့အချိန် နှလုံးခုန်နှုန်းလည်း ကျဆင်းသွားပါတယ်။

 

▪️ ဒီလေ့လာချက်များအရ ဆီးချိုရောဂါသည်တွေမှာ ထမင်းလိုမျိုး အချိုဓာတ်များတဲ့ အစားအစာနေရာမှာ အာလူးစားသုံးခြင်းက ကျန်းမာရေးကောင်းမွန်စေတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

 

▪️ ဒါကြောင့် အာလူးကို အနေတော် အတန်သင့်ပြင်ဆင် စားသောက်ဖို့ အရေးကြီးတယ်လို့ ပြောသွားပါတယ်။

 

#Source: WION