#World_Military
Published 19 August 2024


▪️ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တို့ဟာ တနင်္လာနေ့မှာ စစ်ရေးပူးပေါင်း လေ့ကျင့်မှုကြီး စတင်ပြုလုပ်လိုက်ပါပြီ။

 

▪️ ဒီလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က နျူကလီးယား လက်နက်ပိုင် မြောက်ကိုရီးယားရန်မှ ကာကွယ်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ချင်တာဖြစ်ပြီး မြောက်ကိုရီးယားကတော့ သူတို့ရဲ့ လေ့ကျင့်မှုဟာ ကျူးကျော်ဖို့ ကြိုတင်လေ့ကျင့်တာ ဖြစ်ကြောင်း စွပ်စွဲလိုက်ပြန်ပါတယ်။

 

▪️ လက်ရှိမှာ မြောက်ကိုရီးယား လက်နက်စမ်းသပ်မှုတွေရော အမေရိကန်- တောင်ကိုရီးယား စစ်ရေးပူးပေါင်း လေ့ကျင့်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုမြင့်တက်နေတဲ့ အချိန်မှာပဲ ယခုလို နှစ်စဉ်လေ့ကျင့်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

 

▪️ ဒီလိုလေ့ကျင့်မှုတွေဟာ ရန်လိုတိုက်ခိုက်တဲ့ သဘောရောက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

 

▪️ မြောက်ရဲ့ နျူကလီးယား ရည်မှန်းချက်က တရားမျှတပြီး စစ်ပွဲမဖြစ်ပွားရေးအတွက် အင်အားအစဉ်အဆက် မျှတမှုရှိအောင် ထိန်းသိမ်းထားဖို့ အရေးကြီးကြောင်း ဆိုပါတယ်။

 

▪️ အမေရိကန်နဲ့ တောင်ကိုရီးယားကတော့ ယင်းတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ ကာကွယ်ရေး သဘောသဘာဝသာဖြစ်ပြီး မြောက်ကိုရီးယားမှ ခြိမ်းခြောက်မှု များပြားလာတာနဲ့အညီ လေ့ကျင့်မှုများကိုလည်း တိုးချဲ့မြှင့်တင်ထားတာ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

 

▪️ အူလ်ချီဖရီးဒမ်းရှီးလ် လေ့ကျင့်ရေးကို ဩဂုတ် ၂၉ ရက်နေ့အထိ ၁၁ ရက်ကြအောင် ပြုလုပ်မှာဖြစ်ကာ ကွန်ပျူတာဖြင့် ဖန်တီးထားတဲ့ စစ်ပွဲအနေအထားတွေနဲ့ ကွင်းဆင်းလေ့ကျင့်မှုပေါင်း အမျိုးအစား ၄၀ ကျော် ပါဝင်မှာ ဖြစ်ပါတယ်။

 

▪️ ယခုနှစ် လေ့ကျင့်ရေးအစီအစဉ်က မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အမျိုးမျိုးကို အသင့်ကာကွယ်ဖို့ မြှင့်တင်သွားရန် ရည်ရွယ်ကြောင်း မဟာမိတ်တွေက ဆိုပါတယ်။



▪️ တောင်ကိုရီးယား စစ်မှုထမ်း ၁၉၀၀၀ ခန့် ပါဝင်မှာဖြစ်ပြီး အရပ်ဘက် ကာကွယ်ရေးနဲ့ လွတ်မြောက်ရေး လေ့ကျင့်မှုများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

▪️ အမေရိကန်တပ်အင်အားကို မဖော်ပြထားသလို အမေရိကန် ဗျူဟာမြောက်ပစ္စည်းတွေ ပါဝင်ခြင်းရှိမရှိ မပြောထားပါဘူး။

 

▪️ မနှစ်က လေ့ကျင့်မှုပြုလုပ်စဉ်မှာ မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ခဲ့ပြီး တောင်ကိုရီးယားပစ်မှတ်များကို နျူကလီးယားဖြင့် ချေမှုန်းတဲ့ပုံစံမျိုး လေ့ကျင့်ခဲ့ပါသေးတယ်။



#Source: AP News