#World_Health
Published 15 August 2024


▪️ အစာအိမ်မအီမသာ ဖြစ်ပြီး လေပွတတ်သူတွေအတွက် ဝမ်းတွင်းဖိအား လျော့ကျစေနိုင်မယ့် အသီးတွေ ရှိပါတယ်။

 

▪️ ဖလော်ရီဒါမှ အစာအိမ်နဲ့ အူလမ်းကြောင်းဆရာဝန် ဂျိုဆပ်ဆယ်ဟပ်က ဘလူးဘယ်ရီ၊ စွံပလွန်၊ နဂါးမောက်သီး၊ ကီဝီသီး၊ မာလကာသီး၊ သင်္ဘောသီး၊ နာနတ်သီးတို့ကို အကြံပြုထားပါတယ်။

 

▪️ ဆယ်ဟပ်က ၂၀၂၂ လေ့လာချက်ပြုလုပ်စဉ် ဗိုက်တာမင်-စီက ဘီဖိုင်ဒိုဘက်တီးရီးယား ပမာဏမြင့်မားစေကြောင်း ဖော်ပြခဲ့ပါတယ်။

 

▪️ အူလမ်းကြောင်းထဲရှိ ထိုဘက်တီးရီးယားဟာ အမျှင်ဓာတ်ကို ချေဖျက်ပေးပြီး အာဟာရဓာတ်များ စုပ်ယူကာ ကိုယ်ခံအား မြှင့်တင်ပေးပါတယ်။

 

▪️ အူလမ်းကြောင်းကျန်းမာရေး မြှင့်တင်နိုင်မယ့် နည်းလမ်းတစ်ခုက အမျှင်ဓာတ်များပြီး ဗိုက်တာမင်-စီပါတဲ့ အစားအစာ စားဖို့ဖြစ်တယ်လို့ ရှင်းပြပြီး အူလမ်းကြောင်း ဘက်တီးရီးယား များပြားစေတယ်လို့ တွေ့ရှိထားပါတယ်။

 

▪️ ဗိုက်မအီမသာ လက္ခဏာ ခံစားရသူတေမှာ အစားအစာ ၇ မျိုးစားသုံးစေပြီး ခံနိုင်ရည်ကို တဖြည်းဖြည်း စမ်းသပ်ခဲ့ကြပါတယ်။

 

▪️ အစာအိမ် မအီမသာဖြစ်သူတွေ၊ ဝမ်းချုပ်သူတွေ၊ အူနံရံထိခိုက်သူတွေမှာ လေပွခြင်း မကြာခဏ ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။

 

▪️ ၁၈ ရာခိုင်နှုန်းသော လူတွေဟာ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် လေပွခြင်း ခံစားကြရပါတယ်။

 

▪️ အမေရိကန်အများစုဟာ အမျှင်ဓာတ် မလုံလောက်ဘဲ အစာခြေကျန်းမာရေးစနစ် ထိခိုက်လေ့ရှိပါတယ်။

 

▪️ ဝမ်းပုံမှန်သွားစေဖို့ တစ်နေ့ကို အမျှင်ဓာတ် ၁၅ ဂရမ်စားသုံးပေးဖို့ အမေရိကန် နှလုံးအဖွဲ့အစည်းက အကြံပြုလိုက်ပြီး သွေးတွင်းသကြားဓာတ်နဲ့ နှလုံးရောဂါ လေဖြတ်နိုင်ခြေတို့ကို ထိန်းချုပ်ပေးပါတယ်။

 

▪️ တစ်နေ့ကို ကီဝီသီး ၂ လုံးစားပေးပါက ဝမ်းချုပ်ခြင်းကို သက်သာစေတယ်လို့ လော့စ်အိန်ဂျလိစ်မှ ဆာရှာဟက်ဒက်က အကြံပြုသွားပါတယ်။

 

#Source: New York Post