#World_Health
Published 19 August 2024


▪️ ၂၀၅၀ အရောက်မှာ အမျိုးသားတွေ ကင်ဆာဖြစ်ပွားမှုနဲ့ သေဆုံးမှုတို့ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ လေ့လာတွေ့ရှိထားပြီး အထူးသဖြင့် အသက် ၆၅ နှစ်နဲ့အထက် အမျိုးသားတွေမှာ ဖြစ်နိုင်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။

 

▪️ တစ်ကမ္ဘာလုံးမှာ နှလုံးရောဂါပြီးရင် ကင်ဆာရောဂါက ဒုတိယအသေအများဆုံး အကြောင်းအရင်း ဖြစ်နေပါတယ်။

 

▪️ ဒါပေမဲ့ ယခုရာစုနှစ်အကုန်မှာတော့ ကင်ဆာက အဓိကသေဆုံးရတဲ့ အကြောင်းအရင်း ဖြစ်လာနိုင်တယ်လို့ တွေ့ရှိလာပါတယ်။

 

▪️ ကင်ဆာရောဂါတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရရုံမက ၂၀၂၀ နဲ့ ၂၀၅၀ အတွင်း ကုန်ကျစရိတ် ဒေါ်လာ ၂၅.၂ ထရီလီယံအထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

 

▪️ ဩစတြေးလျသုတေသီတွေက ၂၀၂၂ မှာ အချက်အလက်များ ဆန်းစစ်ခဲ့ကြပြီး နိုင်ငံနဲ့ဒေသပေါင်း ၁၈၅ ခုမှ ကင်ဆာအမျိုးအစား ၃၀ ကို လေ့လာခဲ့ကြကာ နောင်အချိန်မှာ ဖြစ်ပေါ်လာနိုင်ခြေကို ခန့်မှန်းခဲ့ကြပါတယ်။

 

▪️ လေ့လာချက်အရ ၂၀၅၀ အရောက်မှာ အမျိုးသားတွေမှာ ကင်ဆာဖြစ်နိုင်ခြေက ၁၀.၃ သန်းကနေ ၁၉ သန်းအထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

 

▪️ အသက် ၆၅ နှစ်နဲ့အထက် အမျိုးသားတွေမှာ ၁၁၇ ရာခိုင်နှုန်းအထိ ကင်ဆာကြောင့် သေဆုံးနိုင်ခြေ များလာနိုင်ပါတယ်။

 

▪️ ဝင်ငွေနည်းပါးပြီး ပျမ်းမျှနေထိုင်သက်တမ်းတိုတဲ့ နိုင်ငံတွေမှာ ပိုပြီးအဖြစ်များနိုင်တယ်လို့ ဆိုပါတယ်။

 

▪️ အမျိုးသားတွေက ဆေးလိပ်၊ အရက် သောက်သုံးခြင်းတို့ ပိုမိုပြုလုပ်ပြီး ကင်ဆာဖြစ်နိုင်စေတဲ့ အရာတွေနဲ့ ပိုမိုထိတွေ့ရတာကြောင့် အမျိုးသမီးတွေထက် ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

 

▪️ အမျိုးသားများ အဖြစ်များလာနိုင်တဲ့ ကင်ဆာတွေထဲမှာ အဆုတ်၊ အစာအိမ်၊ နှလုံးအင်္ဂါတို့ရှိ တစ်ရှူးများ အကျိတ်ဖြစ်ခြင်း၊ ဆီးကျိတ်ကင်ဆာတို့ ဖြစ်ပါတယ်။

 

▪️ ဒီအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပိုမိုတိုးတက်အားကောင်းဖို့ လိုအပ်တယ်လို့ ထောက်ပြနေကြပါတယ်။

 

#Source: India Today