၁၇ မေ ၂၀၂၅

တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့က ၂၀၃၅ခုနှစ် နောက်ဆုံးထားပြီး လကမ္ဘာပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု ပူးတွဲတည်ဆောက်ဖို့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဒါဟာ အာကာသ စူးစမ်းလေ့လာရေးနှင့် လကမ္ဘာကို စိုးမိုးရေး ရေရှည်ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါ တယ်။

ဒီစီမံကိန်းဟာ တရုတ်နိုင်ငံက ဦးဆောင်တဲ့ ILRS လို့ခေါ်တဲ့ နိုင်ငံတကာ လကမ္ဘာ သုတေသနစခန်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ အဲဒီ ILRS ဆိုတာ လရဲ့မျက်နှာပြင်ပေါ်မှာ ရေရှည်တည်တံ့တဲ့ သိပ္ပံဆိုင်ရာ အခြေစိုက်စခန်းတစ်ခု တည်ထောင်ဖို့ရည်ရွယ်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ အထူးသဖြင့် လရဲ့ တောင်ဝင်ရိုးစွန်းဘက်မှာဖြစ်ဖို့များနေပါတယ်။

နှစ်နိုင်ငံစလုံးက အဆိုပါနျူကလီးယား ဓာတ်အားပေးစက်ရုံကို လူသားပါဝင်ခြင်းမရှိဘဲ  စက်ရုပ်များနှင့် အလိုအလျောက်စနစ်များဖြင့် တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။

▪️ဘာဖြစ်လို့ နျူကလီးယာစွမ်းအင်လုပ်ရသလဲ

လကမ္ဘာမှာ ညက ၁၄ရက်တာရှည်ရှိပါတယ်။ အဲဒါကြောင့် ဆိုလာ(နေရောင်ခြည်)စွမ်းအင်သုံးဖို့ အကန့် အသတ်မရှိနေပါတယ်။ ဒါကြောင့် ရှေရှည် လကမ္ဘာမစ်ရှင်တွေအတွက် အရေးကြီးတဲ့ တည်ငြိမ်တဲ့ စွမ်းအင်အရင်းအမြစ်တစ်ခုရရှိဖို့ နျူကလီးယားစွမ်းအင်က သင့်တော်နေပါတယ်။ အဲဒီ နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ သိပ္ပံကိရိယာတွေ၊ဆက်သွယ်ရေးနှင့် အနာဂတ်မှာ သက်ရှိလူတွေရှိလာနိုင်မှာ တွေအတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုဖို့မျှော်လင့်ထားပါတယ်။

▪️အဓိက မှတ်တိုင်များ

ရည်မှန်းနှစ်- ၂၀၃၅ ခုနှစ် တွင် လက်တွေ့အသုံးချနိုင်ရေးရည်မှန်းထား

ဆောက်လုပ်ရေး- အလိုအလျောက်စနစ်အပြည့်အဝသုံးမည်။ လူသားမပါ။

ဆက်စပ်မစ်ရှင်များ- တရုတ်နိုင်ငံ၏ Chang’e-8 လကမ္ဘာမစ်ရှင်က ၂၀၂၈ခုနှစ်တွင် တည်ဆောက်ရေး အတွက် မြေပြင်လုပ်ငန်းများစတင်လုပ်ဆောင်မည်။

နည်းပညာ- လက်ရှိတည်ဆောက်နေသည့် compact nuclear fission ဓာတ်ပေါင်းဖိုများအပေါ် အခြေခံမည်။

▪️နိုင်ငံတကာ တုန့်ပြန်မှုများနှင့် မဟာဗျူဟာရှုပ်ထွေးမှုများ

ဤအစီအစဉ်ကြောင့် ပထဝီနိုင်ငံရေးအရ စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေသည်။ အထူးသဖြင့် အနောက်အုပ်စု၏ အာကာသ အေဂျင်စီများအကြားတွင်ဖြစ်သည်။  တရုတ်နှင့်ရုရှားတို့က ILRS သည် ငြိမ်းချမ်းသော သိပ္ပံဆိုင်ရာရည်ရွယ်ချက်များအတွက်ဟု ပြောဆိုထားသော်လည်း ဝေဖန်သူများက  ယင်းကို အာကာသအခြေပြု နျူကလီးယား နည်းပညာအဖြစ်ပါ သုံးလာမည်ကို စိတ်ပူနေကြသည်။  အမေရိကန်သည် ယင်း၏ ကိုယ်ပိုင် လကမ္ဘာ နျူကလီးယားစီမံကိန်းများကို နာဆာ၏ Artemis အစီအစဉ်အောက်တွင် လုပ်ဆောင်ရန် စတင်စည်းရုံးနေပြီဖြစ်သည်။

တရုတ်နိုင်ငံက ယင်း၏ ILRS အစီအစဉ်သို့ ပူးပေါင်းပါဝင်ကြရန် နိုင်ငံပေါင်း ၁၇ နိုင်ငံကို ဖိတ်ခေါ်ခဲ့ရာ အမေရိကန်ဦးဆောင်သည့် Artemis သဘောတူညီချက်နှင့် ကွဲပြားခြားနားစွာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးကို အလေးပေးထားကြောင်းတွေ့ရသည်။

Source: Global Media Outlets