၁၃ မေ ၂၀၂၅
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် မေလ ၁၂ရက်နေ့က နိုင်ငံတော်မိန့်ခွန်းတစ်ရပ်ဖြင့် လက်ရှိ အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခကိစ္စများ အကျယ်တဝင့်ပြောကြားခဲ့ပါတယ်။
မိုဒီရဲ့ မိန့်ခွန်းထဲမှ အရေးကြီးသည့် အချက်အလက်များကိုကောက်နှုတ်ဖော်ပြပေးအပ်ပါတယ်။
၁။ အကြမ်းဖက်မှုနှင့် ဆွေးနွေးစရာမရှိ
“ အကြမ်းဖက်မှုနှင့် ဆွေးနွေးမှု အတူတကွမသွားနိုင်၊ အကြမ်းဖက်မှုနှင့်ကုန်သွယ်ရေး အတူတကွ မသွားနိုင်၊ရေနှင့်သွေး အတူတကွ မစီးဆင်းနိုင်”
၂။ စစ်ဆေင်ရေး Sindoor နှင့် အိန္ဒိယမူဝါဒ
“ ပါဟာဂမ်အကြမ်းဖက်တိုက်ခိုက်မှုကို တုန့်ပြန်တဲ့အနေနှင့် စစ်ဆင်ရေး Sindoor(ဆင်းဒိုး)ဟာ အိန္ဒိယရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာဗျူဟာရဲ့ပြတ်သားတဲ့ အရွှေ့အပြောင်းတစ်ခု ဖြစ်ခဲ့တယ်”
၃။ ရှင်းလင်းပြတ်သားသည့် သဘောထား (၃)ရပ်
- အကြမ်းဖက်မှုအပေါ် ခိုင်မာစွာလက်တုန့်ပြန်ခြင်း
- နျူကလီးယားအကျပ်ကိုင်မှုအပေါ် သည်းမခံခြင်း
- အကြမ်းဖက်မှုကြိုးကိုင်စီစဉ်သူများနှင့် နိုင်ငံအဆင့်ကမကထလုပ်ပေးသူများ အကြား ကွာခြားမှုမရှိ။
၄။ ပါကစ္စတန်ဘူးပေါ်သလိုပေါ်ခြင်း
“ပါကစ္စတန်စစ်တပ်အရာရှိများက အသတ်ခံရသည့် အကြမ်းဖက်များကို နှုတ်ဆက်ခွဲခွာခြင်း ပွဲလုပ်နေသည်မှာ နိုင်ငံတော်ကကမကထလုပ်သည့် အကြမ်းဖက်မှုလို့ထင်ရှားစေ”
၅။ အိန္ဒိယပြည်တွင်းထုတ် ကာကွယ်ရေးအောင်ပွဲ
အိန္ဒိယထုတ်လက်နက်များသည် စစ်ဆင်ရေး ဆင်းဒိုးအတွင်း ယင်းတို့၏စွမ်းပကားကို ပြသခဲ့ကြ၊ ခေတ်သစ် စစ်ပွဲများတွင် “အိန္ဒိယတွင်ထုတ်လုပ်သည်”ဆိုသည်များလိုအပ်။
၆။ အကြမ်းဖက်အခြေခံအဆောက်အအုံများ မဖျက်သိမ်းသ၍ ငြိမ်းချမ်းရေးမရ
“ ပါကစ္စတန်အနေနှင့် ငြိမ်းချမ်းရေးနှင့် ရှင်သန်ရပ်တည်ရေး လိုချင်ရင် ယင်းရဲ့ အကြမ်းဖက် အခြေခံ အဆောက်အအုံတွေကို ဖျက်သိမ်းရလိမ့်မယ်”
၇။ အကြမ်းဖက်မှုနှင့် PoK ( ပါကစ္စတန်သိမ်းပိုက်ကက်ရှ်မီးယား) အကြောင်းသာဆွေးနွေး
အိန္ဒိယအနေဖြင့် ပါကစ္စတန်နှင့်ဆွေးနွေးမှုများတွင် အကြမ်းဖက်မှုနှင့် ပါကစ္စတန် သိမ်းပိုက်ကက်ရှ်မီး ယား ထွက်ပေးရေးသာ ဆွေးနွေးမည်။
၈။ အိန္ဒိယ၏ အားသာချက်- အကြမ်းဖက်မှုနှင့်ပတ်သက်ပြီညီညွတ်စည်းလုံးခြင်း
“ ဒီခေတ်ဟာ အကြမ်းဖက်ခေတ်မဟုတ်ဘူး။ ပိုကောင်းတဲ့ ကမ္ဘာကြီးအတွက် သည်းညည်းခံပေးဖို့ အာမ မခံနိုင်ဘူး”
၉။ စစ်တပ်ကို ဂုဏ်ပြု
ဝန်ကြီးချုပ်မိုဒီက စစ်သားများ၊ ထောက်လှမ်းရေးများနှင့် သိပ္ပံပညာရှင်များအား ဆင်းဒိုးစစ်ဆင်ရေးတွင် သူတို့၏ ရဲစွမ်းသတ္တိနှင့်အောင်မြင်မှုများအပေါ် အလေးပြုခဲ့။
Source: မိုဒီ၏ မိန့်ခွန်း
#knl/ymg