၂၁ ဧပြီ ၂၀၂၅

ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့သမိုင်းမှာ ပထမဆုံးသော လက်တင်အမေရိကန် ပုပ်ရဟန်းမင်းကြီး ဖြစ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရစ်စစ်ဟာ ဧပြီ၂၁ ရက် တနင်္လာနေ့ မနက် ၇နာရီ ၃၅ မိနစ် မှာ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၈၈နှစ်ရှိပါပြီ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မကွယ်လွန်မီ တစ်လအလိုက မတ် ၂၃ ရက်နေ့က လူကြီးရောဂါတွေနှင့် ဆေးရုံ တက်ခဲ့ရပြီး ဆေးရုံမှာ ၃၈ ရက်နေခဲ့ရပါတယ်။သူဟာ ပြီးခဲ့တဲ့ အီစတာတနင်္ဂနွေပွဲတော်မှာ လူထုပရိဿတ်ကြီးနှင့်  လေဟာပြင်မှာ တွေ့ဆုံခဲ့သေးတာကြောင့် သူသေဆုံးပြီဆိုတဲ့သတင်းကို အံအားသင့်ခဲ့ကြပါတယ်။

သူဟာ တနင်္ဂနွေနေ့တုန်းကပဲ အမေရိကန်ဒုသမ္မတ ဂျေဒီဗင့်စ်ကို ခဏတာမျှ တွေ့ဆုံခဲ့ပါသေးတယ်။

ပုပ်ရဟန်းမင်းကြီး အရိုက်အရာဆက်ခံဖို့ ဗာတီကန်အနေနှင့် နောက်ထပ် ပုပ်ရဟန်း မင်းကြီးတစ်ဦးကို ရွေးချယ်ရမှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်က အချိန်ကြာတတ်ပါတယ်။

အာဂျင်းတီးနားလူမျိုးဖြစ်တဲ့ သူ့ကို ၂၀၁၃ခုနှစ် မတ်၁၃ ရက်နေ့မှာ  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အဖြစ် ဗာတီကန်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။