#World_Health
Published 04 August 2024


▪️ အစ္စရေးလ်နိုင်ငံ ရှီဘာကျန်းမာရေးစင်တာမှ ပညာရှင်တွေဟာ ဓာတ်ရောင်ခြည်ကုသနည်း အသစ်တစ်ခုကို ဖန်တီးခဲ့ကြပြီး ပန်ကရိယကင်ဆာလူနာမှာ အာရုံကြောတစ်ခုကို ပစ်မှတ်ထားပြီး နာကျင်မှုကို သိသိသာသာ လျှော့ချနိုင်ခဲ့ကာ အသက်ကယ်ကုသနေစဉ်မှာလည်း အနည်းငယ်သာ ခံစားရစေပါတယ်။

 

▪️ အခုဆိုရင်ဒီနည်းလမ်းကို ရောဂါဆိုးရွားမလာစေရန် ကုသဖို့အတွက် အမေရိကန်လမ်းညွှန်တွေထဲမှာ အသစ်ထည့်သွင်းလိုက်ပါတယ်။

 

▪️ ပန်ကရိယကင်ဆာဟာ လူနာအနေနဲ့ အလွန်နာကျင်ရပြီး ရောဂါနောက်ကျမှ သိရပါက သေနှုန်းအလွန်မြင့်တဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။

 

▪️ ပန်ကရိယာမှာ ကင်ဆာအကျိတ်ဖြစ်တဲ့အခါ အာရုံကြောကြီးတစ်ခုကို ဖိမိ ထိုးဖောက်တာမျိုး ဖြစ်တဲ့အတွက် အလွန်နာကျင်ရတာဖြစ်ပြီး လူနာအတွက် နေထိုင်ရခက်ခဲစေပါတယ်။

 

▪️ ထိုလေ့လာချက်ကို အမေရိကန်၊ ကနေဒါ၊ ပိုလန်၊ ပေါ်တူဂီ၊ အစ္စရေးလ်တို့မှ လူနာ ၁၂၅ ဦးမှာ ပြုလုပ်ခဲ့ရာ ၅၃ ရာခိုင်နှုန်းက နာကျင်မှု သိသိသာသာ လျော့ပါးသွားကာ နေထိုင်မှုဘဝ တိုးတက်ခဲ့တယ်လို့ အကြောင်းကြားလာပါတယ်။

 

▪️ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ နွမ်းနယ်ခြင်း၊ မူးဝေခြင်းတို့ ဖြစ်ခဲ့ကြပါတယ်။

 

▪️ အခုဆိုရင် ထိုကုသနည်းဟာ အမေရိကန်လမ်းညွှန်ချက်အသစ်ထဲမှာ ထည့်သွင်းလာပြီး အမေရိကန်ရှိ လူနာအများစုအတွက် ရရှိနိုင်ပြီဖြစ်ပါတယ်။

 

▪️ ပန်ကရိယကင်ဆာ လူနာတွေမှာ အဆိုးဆုံးက နာကျင်မှုဖြစ်ကြောင်း၊ နာကျင်မှု မြင့်မားလာတဲ့အခါ အကိုက်အခဲပျောက်ဆေး အများအပြားလိုလာကာ ဘေးထွက်ဆိုးကျိုးများကြောင်း၊ ဓာတ်ရောင်ခြည်ကုသနည်းကတော့ ရိုးရှင်းပြီး လူနာခံစားမှုကို သိသိသာသာ လျှော့ချပေးကြောင်း ဒေါက်တာ လောရန့်စ်က ပြောသွားပါတယ်။

 

▪️ ဆဲလိယက်ပလက်ဆက်ဇ်ဆိုတဲ့ အာရုံကြောကွန်ရက်ကြီးက ဝမ်းဗိုက်ထဲမှာ ပန်ကရိယအောက် တည်ရှိပြီး နာကျင်မှုသက်သာစေရန် ထိုအာရုံကြောကို ဆေးထိုးပိတ်ပင်ခဲ့ကြပါတယ်။
ယခုနည်းလမ်းအသစ်ကတော့ ဓာတ်ရောင်ခြည်ဖြင့် ပစ်မှတ်ထားကုသတာဖြစ်ပြီး ခွဲစိတ်စရာမလိုဘဲ ဘေးထွက်ဆိုးကျိုး အနည်းငယ်သာ ရှိပါတယ်။

 

#Source: The Jerusalem Post