#World_Health
Published 02 August 2024


▪️ ဝါရှင်တန်မှ ကင်ဆာအာဟာရပညာရှင် နီကိုးလ်အန်ဒရူးက သစ်တော်သီးဟာ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အာဟာရဓာတ်များ ကြွယ်ဝပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းကူညီပေးနိုင်ကြောင်း တစ်တော့ကနေ အကြံပြုသွားပါတယ်။

 

▪️ ဘယ်လိုသစ်တော်သီးပဲဖြစ်ဖြစ် အရသာဆင်တူနီးပါးဖြစ်ပြီး စားသုံးရန် သင့်လျော်တယ်လို့ ဆိုပါတယ်။

 

▪️ သစ်တော်သီးအနေတော်တစ်လုံးမှာ အမျှင်ဓာတ် ၆ ဂရမ်ပါဝင်ပြီး နေ့စဉ်လိုအပ်ချက်ရဲ့ ၂၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

 

▪️ အမျှင်ဓာတ်ဟာ အစာခြေခြင်းကို ကောင်းမွန်စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

 

▪️ ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်စုပ်ယူမှုကို လျှော့ချသဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

 

▪️ သစ်တော်သီးရဲ့ အခွံမှာ အမျှင်အများစုပါဝင်ပြီး အရသာ၊ သွင်ပြင်၊ အာဟာရဓာတ်များကို ထိန်းသိမ်းထားပါတယ်။

 

▪️ ဗိုက်တာမင်-စီ ၈ မီလီဂရမ်ခန့် ပါဝင်ပြီး ရင်သားနဲ့ အဆုတ်ကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။
ပိုတက်ဆီယံ၊ နှလုံးရောဂါကို ကာကွယ်ပေးတဲ့ အန်သိုဆိုင်ယာနင်၊ ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတဲ့ ဖလေဗိုနွိုက်လည်း ကြွယ်ဝပါတယ်။

 

▪️ ဗိုက်တာမင်-ကေ ကလည်း သွေးခဲခြင်းကို ထောက်ပံ့ပေးကာ အရိုးများ သန်စွမ်းစေပြီး ဆဲလ်တွေထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။

 

▪️ အသီးတွေကို သဘာဝအတိုင်း စားသုံးတာက အကောင်းဆုံးဖြစ်ပါတယ်။

 

#Source: New York Post