#World_Health
Published 02 August 2024


▪️ သံဓာတ်ဆိုတာက ခန္ဓာကိုယ်မှာ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး သွေးနီဥ ထုတ်လုပ်ခြင်းမှာ ပါဝင်ပါတယ်။

 

▪️ အင်ဇိုင်းဖြစ်စဉ် အမျိုးမျိုးမှာလည်း ပတ်သက်နေပြီး ဆဲလ်လုပ်ဆောင်ချက်တွေနဲ့ စွမ်းအင်ထုတ်လုပ်ခြင်းတို့မှာလည်း ပါဝင်နေပါတယ်။

 

▪️ သံဓာတ်အားနည်းတဲ့သူတွေမှာ သံဓာတ်ဖြည့်စွက်ဆေးများ အသုံးပြုပြီး လက္ခဏာများ သက်သာစေပါတယ်။

 

▪️ ဒါကြောင့် သံဓာတ်ချို့တဲ့တဲ့ လက္ခဏာများကို ဖော်ပြလိုက်ပါတယ်။

 

(၁) ပင်ပန်းနွမ်းနယ်အားနည်းခြင်း
▪️ သံဓာတ်အားနည်းပါက သွေးနီဥနည်းသွားပြီး တစ်ရှူးတွေသို့ အောက်ဆီဂျင် ရောက်ရှိမှုနည်းပါးသွားကာ စွမ်းအင်ယုတ်လျော့ပြီး အားနည်းနွမ်းနယ်စေပါတယ်။

 

(၂) အရေပြားဖျော့တော့ခြင်း
▪️ သွေးနီဥကြောင့် သွေးက နီတာဖြစ်ပြီး နည်းပါးပါက အရေပြားဖြူဖတ်စေပါတယ်။

 

(၃) အသက်ရှူခက်ခဲခြင်း
▪️ ကြွက်သားတွေနဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင် အရောက်နည်းသဖြင့် လှုပ်ရှားမှုပြုလုပ်စဉ် အသက်ရှူမဝဘဲ ဖြစ်တတ်ပါတယ်။

 

(၄) မူးဝေခေါင်းကိုက်ခြင်း
▪️ ဦးနှောက်သို့ အောက်ဆီဂျင်ရောက်ရှိမှု နည်းပါးတာကြောင့် မူးဝေခေါင်းကိုက်ခြင်း ခံစားရကာ မတော်တဆများ ဖြစ်နိုင်ပါတယ်။

 

(၅) ခြေဖျားလက်ဖျားအေးခြင်း
▪️ အောက်ဆီဂျင်လည်ပတ်မှု မကောင်းသဖြင့် ခြေဖျားလက်ဖျားများ အေးစက်စေပါတယ်။

 

(၆) လက်သည်းကြွပ်ဆတ်ခြင်းနှင့်ဆံပင်ကျွတ်ခြင်း
▪️ အောက်ဆီဂျင် အရောက်နည်းသဖြင့် ဆံပင်မွေးညင်းပေါက်တွေနဲ့ လက်သည်းခြေသည်းတို့ကို အားနည်းစေပါတယ်။

 

(၇) ရင်ဘတ်အောင့်ခြင်း
▪️ သွေးနီဥနည်းသဖြင့် နှလုံးသို့ အောက်ဆီဂျင်ရောက်အောင် တွန်းအားပိုပေးရကာ ရင်ဘတ်အောင့်တတ်ပါတယ်။

 

(၈) ခေါင်းကိုက်ခဲခြင်း
▪️ ဦးနှောက်သို့ အောက်ဆီဂျင်ရောက်ရှိမှု မလုံလောက်သဖြင့် ခေါင်းကိုက်ခြင်းနဲ့ သွေးအားနည်းခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

 

(၉) ခြေထောက်မငြိမ်ခြင်း
▪️ သံဓာတ်နည်းပါးပါက ခြေထောက်မှာ မနေမထိုင်နိုင်ဖြစ်ကာ လှုပ်ရှားချင်နေပြီး အိပ်စက်မှုကို ထိခိုက်စေပါတယ်။

 

(၁၀) စားစရာမဟုတ်သည်ကို စားလိုခြင်း
▪️ သံဓာတ်ချို့တဲ့ပါက ဖုန်မှုန့်၊ ရေခဲ၊ ရွှံ့စေးတို့ကို ထူးထူးခြားခြား စားချင်လိုပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

 

▪️ သံဓာတ်အားဆေးများ သုံးစွဲခြင်းဖြင့် ခန္ဓာကိုယ်သံဓာတ်ပမာဏကို မြှင့်တင်ပေးပြီး သံဓာတ်အားနည်းခြင်း လက္ခဏာများကို သက်သာစေမှာ ဖြစ်ပါတယ်။

#Source: DoctorNDTV