#World_Health
Published 31 July 2024


▪️ မကြာသေးမီ လေ့လာချက်အရ ကျောင်းနေကလေးတွေမှာ ဖုန်းနဲ့ ကွန်ပျူတာကြည့်ရှုချိန် များလွန်းခြင်းကြောင့် မျက်လုံးခြောက်သွေ့ရောဂါ အဖြစ်များလာပါတယ်။

 

▪️ တစ်နေ့ကို ဖုန်းကြည့်ချိန် ၃ နာရီခွဲကျော်တဲ့ ကလေးတွေဟာ မျက်လုံးခြောက်ရောဂါ ဖြစ်နိုင်ခြေများတယ်လို့ အိန္ဒိယကောလိပ်တွေမှ သုတေသီများက ဆိုပါတယ်။

 

▪️ မျက်လုံးခြောက်ရောဂါဟာ မျက်လုံးကနေ မျက်ရည်အလုံအလောက် မထွက်ဘဲ အလျင်အမြန် အငွေ့ပျံသွားကြကာ နီရဲခြင်းနဲ့ အမြင်အာရုံပြဿနာများ ဖြစ်လာစေပါတယ်။

 

▪️ တစ်နေ့ကို ကွန်ပျူတာ နာရီဝက်ခန့်ပင် ထပ်ပြီးအသုံးပြုဖြစ်ပါက မျက်လုံးခြောက်ရောဂါ ဖြစ်နိုင်ခြေများစေပြီး မူဝါဒချမှတ်သူများအနေဖြင့် ကလေးတွေမှာ တစ်နေ့ကို ကြည့်ရှုချိန် ၃ နာရီအောက်သာ ကန့်သတ်ပေးသင့်တယ်လို့ ဖော်ပြထားပါတယ်။

 

▪️ သုတေသနထဲမှာ ပါဝင်စမ်းသပ်တဲ့ ကလေးတွေထဲက ၉၀ ရာခိုင်နှုန်းဟာ မျက်လုံးခြောက်ရောဂါကြောင့် အစိုးရဆေးရုံတွေကို သွားရောက်စစ်ဆေးကြရပြီး အမြင်ဝါးခြင်း၊ နီမြန်းခြင်း၊ မျက်လုံးယားယံခြင်းတို့ ခံစားကြရပါတယ်။

 

▪️ ဖုန်းနဲ့ ကွန်ပျူတာကြည့်ရှုချိန် များခြင်းအပြင် မျက်တောင်ခတ်နှုန်း လျော့နည်းတာကလည်း ပိုမိုဆိုးရွားစေပါတယ်။

 

▪️ ဒီလိုမျက်လုံးပြဿနာမျိုး ခံစားရတဲ့ကလေးတွေဟာ သာမန်မျက်လုံးပြဿနာ မရှိသူတွေထက် ကြည့်ရှုချိန် ၆၀ မှ ၇၀ ရာခိုင်နှုန်း ပိုများပါတယ်။

 

▪️ ငယ်ရွယ်တဲ့အရွယ်မှာ ဒီဂျစ်တယ်ပစ္စည်းများ အသုံးပြုချိန် များလာခြင်းက မျက်လုံးပြဿနာတွေ ဖြစ်လာစေပြီး ငယ်ငယ်ကတည်းက မျက်လုံးမှာ ဒဏ်ဖြစ်လာစေပါတယ်။

 

▪️ မိဘတွေ ဆရာတွေ မူဝါဒချမှတ်သူများအနေနဲ့ ကလေးတွေကို ထိုပစ္စည်းတွေ အသုံးပြုတာနဲ့ ပတ်သက်ပြီး ၂၀/၂၀/၂၀ စည်းမျဉ်းကို ကျင့်သုံးပေးစေတယ်လို့ သုတေသီများ တိုက်တွန်းထားပါတယ်။

 

▪️ ထိုစည်းမျဉ်းကတော့ ဖုန်းကြည့်နေရင်းနဲ့ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀၀ အဝေးကို အနည်းဆုံး စက္ကန့် ၂၀ ကြည့်ပေးတာ ဖြစ်ပါတယ်။

 

▪️ ဒါ့အပြင် တစ်နာရီကြာ ဖုန်းကြည့်ပြီးတိုင်း ၁၀ မိနစ်ခန့် လမ်းထလျှောက်ဖို့ကိုလည်း အကြံပြုထားပါတယ်။

 

#Source: India Today