#World_Politics
Published 30 July 2024


▪️ ဗင်နီဇွဲလား ရွေးကောက်ပွဲမှာ သမ္မတ နီကိုလတ်စ်မက်ဒူရိုနဲ့အဖွဲ့က ခြယ်လှယ်ထိန်းချုပ်ခဲ့တာကြောင့် ယင်းရဲ့ရွေးကောက်ပွဲ အနိုင်ရရှိမှုရလဒ်ကို ယုံကြည်လက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်အစိုးရက တနင်္လာနေ့မှာ ပြောကြားလိုက်ကာ ဗင်နီဇွဲလားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်သွားဖို့ စီစဉ်နေပါတယ်။

 

▪️ ဗင်နီဇွဲလား ရွေးကောက်ပွဲ အာဏာပိုင်များက မက်ဒူရိုဟာ တတိယအကြိမ်အနိုင်ရရှိတယ်လို့ ကြေညာခဲ့ရာမှာ မဲအငြင်းပွားမှုဖြစ်နေတဲ့အပေါ် အမေရိကန်က ပြတ်ပြတ်သားသား တုန့်ပြန်သွားမယ်လို့ အကြီးတန်းအရာရှိများက တနင်္ဂနွေနေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

▪️ ဗင်နီဇွဲလားကို အုပ်စိုးလာတာ ၂၅ နှစ်အထိ ရှိပြီဖြစ်တဲ့ ဆိုရှယ်လစ်ပါတီက အခုဆိုရင် ထပ်မံသက်တမ်းရှည်လာတာလည်း ဖြစ်ပါတယ်။

 

▪️ လွတ်လပ်သော ထင်မြင်ချက်မဲပေးမှုတွေမှာ အတိုက်အခံပါတီက အပြတ်အသတ် အနိုင်ရထားတယ်လို့ ညွှန်ပြနေပါတယ်။

 

▪️ အမေရိကန်နဲ့ အခြားအစိုးရအဖွဲ့အချို့က တရားဝင် မဲရေတွက်မှုကို သံသယရှိနေပါတယ်။
မက်ဒူရိုရဲ့ ပြိုင်ဘက် အက်ဒ်မွန်ဒိုဂွန်ဇာလက်ဇ်က သူသာ အမှန်တကယ် အနိုင်ရသူလို့ ပြောနေပါတယ်။

 

▪️ မက်ဒူရိုအနေဖြင့် မဲပေးမှုအခြေပြဇယား အသေးစိတ်ကို ချပြဖို့ အများကတောင်းဆိုနေကြပေမယ့် ဒီလိုမပြနိုင်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ကြေညာချက်ရလဒ်ကို လက်မခံနိုင်စရာ ဖြစ်နေပါတယ်။

 

▪️ ရှေ့ဆက်ပြီး မက်ဒူရိုဘာဆက်လုပ်မလဲ ဆိုတဲ့အပေါ်မူတည်ကာ ဗင်နီဇွဲလားကို အမေရိကန်က အရေးယူပိတ်ဆို့ရေး မူဝါဒချမှတ်သွားဖို့ ရှိပါတယ်။

 

▪️ အမေရိကန်ဟာ ၂၀၁၈ ခုနှစ်တုန်းကလည်း မက်ဒူရိုရဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့ဖူးပါတယ်။

 

▪️ ရွေးကောက်ပွဲရလဒ် ကြေညာချက်ဟာ ဗင်နီဇွဲလားပြည်သူတွေရဲ့ မဲပေးမှုတွေ ဆန္ဒတွေအတိုင်း ဖြစ်မနေတာဟာ တကယ်စိုးရိမ်စရာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။

 

▪️ မက်ဒူရိုကတော့ ဗင်နီဇွဲလား ရွေးကောက်ပွဲစနစ်ဟာ ပွင့်လင်းမြင်သာမှုရှိတယ်လို့ တနင်္လာနေ့က အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

 

▪️ သတင်းအတိအကျ မသိသေးခင်အထိ အမေရိကန်က ဆုံးဖြတ်ချက်ချဦးမှာ မဟုတ်ဘဲ အထိုက်အလျောက်တော့ တုန့်ပြန်ဆောင်ရွက်သွားမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။

 

▪️ အမေရိကန်က နိုင်ငံတကာမှ မဟာမိတ်များနဲ့ ပူးပေါင်းကာ မက်ဒရူအစိုးရအဖွဲ့အပေါ် တုန့်ပြန်သွားဖို့ စီစဉ်နေပါတယ်။

 

#Source: Reuters