#World_Health
Published 30 July 2024


▪️ အသားအရေ၊ ဆံပင်၊ အဆစ်အမြစ်တွေအတွက် ကော်လာဂျင်ဓာတ်က ဘယ်လောက်အရေးကြီးလဲဆိုတာ သိထားကြပြီး ဖြစ်ပါတယ်။

 

▪️ ဒါကြောင့် ကော်လာဂျင်က ဘယ်လိုအကျိုးပြုလဲ၊ ဘယ်လောက်အသုံးပြုသင့်လဲ၊ ဆိုးကျိုးတွေရှိလားဆိုတာတွေကို သုံးသပ်သွားမှာ ဖြစ်ပါတယ်။

 

▪️ ကော်လာဂျင်က အရေပြား၊ ကြွက်သား၊ အရိုး၊ အရွတ်တွေကို ကြံ့ခိုင်စေပြီး တစ်ရှူးတွေကို သန်မာတင်းရင်းစေပါတယ်။

 

▪️ အသက်ကြီးလာတဲ့အခါ ကော်လာဂျင်နည်းလာပြီး အရေးကြောင်းများ၊ အဆစ်အမြစ် တောင့်တင်းခြင်းများ ဖြစ်လာစေပါတယ်။

 

▪️ ဒီအတွက် ကော်လာဂျင် ဖြည့်စွက်ဆေးများ အသုံးပြုလာကြပါတယ်။

 

▪️ များသောအားဖြင့် တစ်နေ့ကို ကော်လာဂျင် ၂.၅ မှ ၁၅ ဂရမ်သုံးစွဲဖို့ လေ့လာချက်တွေမှာ အကြံပြုထားပါတယ်။

 

▪️ ကိုယ်အလေးချိန်ကျဖို့အတွက် တစ်နေ့ကို ၁၅ ဂရမ်သုံးစွဲသင့်ပါတယ်။

 

▪️ အရေးကြောင်းလျော့ပါးပြီး အသားအရေ တင်းရင်းစေဖို့အတွက် ၃ လအတွင်း နေစဉ် ၁၀၀၀ မီလီဂရမ်ခန့် အသုံးပြုဖို့ ပညာရှင်များ အကြံပြုထားပါတယ်။

 

▪️ ဆံကေသာကျန်းမာရေးအတွက် ငါးမှရတဲ့ ကော်လာဂျင်ကို နေ့စဉ် ၃၀၀ မီလီဂရမ်ခန့် လိုအပ်ပါတယ်။

 

▪️ တစ်နေ့ကို ကော်လာဂျင် ၁၅ ဂရမ်ထက်များတာကတော့ များလွန်းတဲ့ပမာဏလို့ ဆိုနိုင်ပါတယ်။
ကော်လာဂျင်များလွန်းတဲ့အခါ ဝမ်းလျှောခြင်း၊ ရေအလုံအလောက် မသောက်ရင် ကျောက်ကပ်ထိခြင်းတို့ ဖြစ်တတ်ပါတယ်။

 

▪️ ဒါ့အပြင် ဓာတ်မတည့်ခြင်း၊ ယားယံခြင်း၊ ဖောရောင်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ကယ်လ်စီယမ်များခြင်းတို့ ဖြစ်တတ်ပါတယ်။



▪️ ကော်လာဂျင်ဖြည့်စွက်ဆေးတွေကို ပုံစံအမျိုးမျိုးဖြင့် ရနိုင်ပါတယ်။

 

▪️ ဘယ်လိုပဲဖြစ်ဖြစ် ဖြည့်စွက်ဆေးသုံးစွဲမယ်ဆိုရင်တော့ ကျွမ်းကျင်သူဆရာဝန်များနဲ့ ဦးစွာတိုင်ပင်သင့်ပါတယ်။

 

#Source: The Jerusalem Post