#World_Health
Published 30 July 2024


▪️ တိုးတက်ထွန်းကားလာတဲ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ လူသားတွေ လှုပ်ရှားဆောင်ရွက်ကြရာမှာ နည်းပညာနဲ့ မကင်းပါဘူး။

 

▪️ ဒါပေမဲ့ ဒီဂျစ်တယ်ပစ္စည်းတွေကို အပျင်းပြေကြည့်တာထက် ကျော်ပြီး အချိန်ကုန်လာကြပြီး အထူးသဖြင့် ကလေးတွေက ပိုပြီးအသုံးများလာပါတယ်။

 

▪️ ဒီမတိုင်ခင်ခေတ်တုန်းက ကလေးတွေဟာ အပြင်ဘက်မှာဆော့ကစားရင်း ကယ်လိုရီလောင်စာတွေကို လောင်ကျွမ်းကြပါတယ်။

 

▪️ အခုတော့ အပြင်မထွက်ကြတော့ဘဲ ဖုန်းနဲ့ ကွန်ပျူတာဖန်သားပြင်မှ တင်ဆက်မှုအမျိုးမျိုးကိုသာ ကြာမြင့်စွာ ကြည့်နေကြပါတယ်။

 

▪️ ဒီလိုမျိုး ကြာရှည်ကြည့်ရှုခြင်းဟာ ကလေးတွေရဲ့ စိတ်ပိုင်းကျန်းမာရေးကို ဆိုးရွားစွာသက်ရောက်နေပါတယ်။

 

▪️ ဒိန်းမတ်တောင်ပိုင်းတက္ကသိုလ်က ကလေးတွေမှာ ဖန်သားပြင်ကြည့်ရှုချိန် လျှော့ချခြင်းနဲ့ စိတ်ပိုင်းကျန်းမာရေး တိုးတက်ခြင်းတို့ကြား ဆက်စပ်မှုကို တွေ့ရှိခဲ့ကြပါတယ်။

 

▪️ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ဖုန်းကြည့်ရှုချိန် ၃ နာရီခန့် လျှော့ချခြင်းဖြင့်ပင် နှစ်ပတ်အတွင်း တိုးတက်မှုတွေ တွေ့ရပါတယ်။

 

▪️ ဒီလိုမျိုး ထိန်းချုပ်စောင့်ကြည့်ပြီး အသုံးပြုစေပါက ကလေးတွေဟာ လူမှုပေါင်းသင်းရေး၊ စဉ်းစားတွေးတောမှုတို့မှာ တိုးတက်လာပြီး အခြားသူတွေကို ကူညီချင်စိတ် ဖြစ်လာပါတယ်။

 

▪️ ကလေးတွေရဲ့ စွမ်းအင်တွေကို စက်ပစ္စည်းတွေက အသုံးချစေတာ မဟုတ်ဘဲ အထဲမှာ ထိန်းချုပ်ထားသလိုဖြစ်ကာ ကလေးတွေကို ပင်ပန်းစေပါတယ်။

 

▪️ ဖုန်းနဲ့ စက်ပစ္စည်းတွေကို လုံးဝအသုံးမပြုခိုင်းတာ မဟုတ်ဘဲ လျှော့ချဖို့ကိုသာ သုတေသီတွေ အကြံပြုပါတယ်။

 

▪️ အပျင်းပြေရန်အတွက် အချိန်အနည်းငယ် အသုံးပြုပေးဖို့ကလည်း လိုအပ်တာကြောင့် မျှတတဲ့နည်းလမ်းဖြင့် တစ်ပတ်ကို ၃ နာရီလောက်သာ အသုံးပြုသင့်ပါတယ်။

 

▪️ ကလေးတွေ ဖုန်းအသုံးပြုချိန်ကို လူကြီးတွေက စောင့်ကြည့်သတိပြုသင့်ပါတယ်။

 

▪️ လူကြီးတွေ အလုပ်ရှုပ်နေတဲ့အချိန် ကလေးတွေ လာရှုပ်မှာစိုးလို့ဆိုပြီး ဖုန်းပေးသုံးတာမျိုးကို ပြောင်းလဲသင့်ပြီး အဲဒီအစား ဉာဏ်စမ်းပဟေဌိတွေ၊ စာအုပ်တွေနဲ့သာ ဖြေရှင်းသင့်ပါတယ်။

 

#Source: Hindustan Times