#World_Politics
Published 29 July 2024


▪️ ဗြိတိန်အစိုးရသစ်က ပြည်သူ့ဘဏ္ဍာရေး အကဲဖြတ်မှု မပြုလုပ်ခင်မှာ တိုင်းပြည်ဟာ ယိုယွင်းပျက်စီးနေတယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပြီး မကြာသေးမီက ရွေးချယ်ခံရတဲ့ အလုပ်သမားပါတီဟာ ပေါင် ၂၀ ဘီလီယံလိုငွေပြနေတာနဲ့ ပတ်သက်လို့ ရှေ့ကအစိုးရတွေကို အပြစ်တင်သွားမှာ ဖြစ်ပါတယ်။

 

▪️ ဇူလိုင် ၄ ရက်နေ့က ဗြိတိန်နိုင်ငံကို အုပ်ချုပ်ဖို့ အပြတ်အသတ် ရွေးချယ်ခံရတဲ့ အလုပ်သမားပါတီဟာ အာဏာရရချင်းမှာ တိုင်းပြည်ရဲ့ ပြည်သူ့မူဝါဒအားလုံးနီးပါး ထင်ထားတာထက် ပိုဆိုးနေတယ်ဆိုတာကို ချပြနေခဲ့ပါတယ်။

 

▪️ တိုင်းပြည်ကို ယခင် ၁၄ နှစ်တာ အုပ်ချုပ်သွားတဲ့ ကွန်ဆာဗေးတစ်ပါတီဟာ တိုင်းပြည်အတွက် အသုံးစရိတ်ချပေးမယ်ဆိုပြီး ကတိပြုကာ ပြည်သူ့ထောက်ခံချက်ရဖို့ ကြိုးစားခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ရေချယ်လ်ရိဗ်စ်က ပါလီမန်မှာ တင်ပြရန် ထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။

 

▪️ ထိုအကဲဖြတ်မှုအတွင်း ဗြိတိန်နိုင်ငံကြီး ယိုယွင်းပျက်စီးနေကြောင်း၊ နိုင်ငံရေးကြောင့် စီးပွားရေးနဲ့ အများပြည်သူဝန်ဆောင်မှုတွေမှာ ယိုယွင်းလာကြောင်း ပြသသွားမယ်လို့ ဝန်ကြီးချုပ် ကီယာစတာမာ အစိုးရရုံးက ထုတ်ပြန်ခဲ့ပါတယ်။

 

▪️ ယခင်အစိုးရဟာ ဘယ်ကရတဲ့ငွေတွေမှန်းမသိဘဲ ယခုဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် အများအပြား အသုံးပြုဖို့ ကတိပြုခဲ့ကြောင်း ပြသသွားမှာ ဖြစ်ပါတယ်။

 

▪️ အလုပ်သမားပါတီ ကြေညာခဲ့တဲ့ ပြည်သူ့ဘဏ္ဍာရေး ပြဿနာကို ကွန်ဆာဗေးတစ်တွေက ငြင်းဆန်လိုက်ပါတယ်။

 

▪️ ရိဗ်စ်က သူမရဲ့ ပထမဆုံးဘတ်ဂျက်စာရင်းအတွက် ရက်စွဲထုတ်ပြန်သွားမှာဖြစ်ပြီး လွတ်လပ်သော ခန့်မှန်းချက်များကို တာဝန်ယူသွားမှာ ဖြစ်တဲ့အပြင် ဌာနတစ်ခုစီတိုင်း ရန်ပုံငွေ ဘယ်လောက်ရသွားမှာလဲဆိုတာကို ဆုံးဖြတ်သွားမယ့် တရားဝင်အသုံးစရိတ်သုံးသပ်ချက်အတွက်လည်း ပြင်ဆင်နေပါတယ်။

 

▪️ စာသင်ဆရာ/ဆရာမများနဲ့ ကျန်းမာရေးလုပ်သားတွေအတွက် ငွေကြေးဖောင်းပွမှုကို ကျော်လွန်ကာ ချီးမြှင့်သွားဖို့ကိုလည်း သဘောတူဖို့ မျှော်မှန်းထားပါတယ်။

 

▪️ အလုပ်သမားပါတီက တိုင်းပြည်လိုငွေပြတာကို ဘယ်လိုဖြေရှင်းမလဲ မသိရသေးပါဘူး။

 

▪️ ဝင်ငွေအခွန်နှုန်းထားတွေ၊ နိုင်ငံတော်အာမခံကြေးတွေ၊ အခြားအခွန်အခတွေရဲ့ နှုန်းထားတွေကို မတိုးမြှင့်ဘူးလို့ ရွေးကောက်ပွဲတုန်းက ကတိပြုထားပါတယ်။

 

▪️ အစိုးရက ဘယ်လိုတိုင်းတာ ဆောင်ရွက်မှာလဲဆိုတာကို ချမပြခဲ့ပေမယ့် အလုပ်သမားဝန်ကြီး ပတ်မက်ဖက်ဒန်က ယင်းတို့လက်ဆင့်ကမ်း ရရှိထားတဲ့ ပြည်သူ့ဝန်ဆောင်ရေး အဖြစ်မှန်တွေအကြောင်း ဝန်ခံဖို့ဝန်မလေးဘူးလို့ ဆိုပါတယ်။

 

#Source: Reuters