#World_Science
Published 29 July 2024


▪️ ကမ္ဘာမြေရှိ ရေတွေထဲမှာ ပျော်ဝင်အောက်ဆီဂျင် လျော့နည်းလာတာကို သိပ္ပံပညာရှင်များ စိုးရိမ်နေကြပြီး သက်ရှိတွေအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

 

▪️ လေထုအောက်ဆီဂျင်က တိရိစ္ဆာန်တွေအတွက် အရေးကြီးသလို ရေထဲက ပျော်ဝင်အောက်ဆီဂျင်ကလည်း ရေနေသတ္တဝါတွေအတွက် အရေးကြီးပါတယ်။

 

▪️ ရေချို ရေငန်စားစရာတွေကို မှီခိုနေရတဲ့ လူတွေအတွက်လည်း ဒီပြဿနာကြောင့် စိုးရိမ်စရာဖြစ်နေပါတယ်။

 

▪️ ရေထဲကအောက်ဆီဂျင် လျော့နည်းလာခြင်းပြဿနာကို ကမ္ဘာမြေမှ ထိန်းချုပ်ကန့်သတ်ရမယ့် အရာတွေထဲမှာထည့်သွင်းဖို့ သိပ္ပံပညာရှင်အဖွဲ့ အဆိုပြုထားပါတယ်။

 

▪️ လူသားတွေ ဆက်လက်ရှင်သန် ဖွံ့ဖြိုးဖို့အတွက် ထိန်းချုပ်ကန့်သတ်ဆောင်ရွက်ဖို့ လိုအပ်တဲ့ ကဏ္ဍကြီး ၉ ခုရှိထားပါတယ်။

 

▪️ ဒီအရာတွေထဲမှာ ရာသီဥတုဖောက်ပြန်မှု၊ သမုဒ္ဒရာ အက်ဆစ်ဓာတ်များလာခြင်း၊ လေထုအပေါ်ယံလွှာ အိုဇုန်းပါးလွှာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖော့စ်ဖရပ်စ်နဲ့ နိုက်ထရိုဂျင်စက်ဝန်းများ ယိုယွင်းလာခြင်း၊ သတ္တဝါမျိုးစိတ် ကွဲပြားမှုလျော့နည်းလာခြင်း၊ တစ်ကမ္ဘာလုံး ရေချိုအသုံးပြုခြင်း၊ မြေပြင်စနစ် ပြောင်းလဲလာခြင်း၊ လေထုအမှုန်အမွှား များပြားလာခြင်း၊ ဓာတုညစ်ညမ်းခြင်းတို့ ပါဝင်ပါတယ်။

 

▪️ ကမ္ဘာပေါ်က ရေချိုနဲ့ ရေငန်ဂေဟစနစ်တွေမှာ အောက်ဆီဂျင်လျော့နည်းလာခြင်းဟာ ဖြေရှင်းရမယ့် ကမ္ဘာ့ပြဿနာရပ်ကြီး ဖြစ်ကြောင်း အမေရိကန် ရင်းဆဲလာပိုလီတက်ခ်နစ်မှ ရေချိုဂေဟပညာရှင် ကီဗင်ရို့စ်က ပြောပါတယ်။

 

▪️ အောက်ဆီဂျင်ရရှိနိုင်ခြေက ကန့်သတ်ထိန်းချုပ်နေရတဲ့ အခြားဖြစ်စဉ်များနဲ့ နီးစပ်လာပြီလို့ ဆိုပါတယ်။

 

▪️ တစ်ကမ္ဘာလုံးမှာ အပူချိန် မြင့်တက်လာတာကြောင့် ရေတွေပူနွေးလာပါက အောက်ဆီဂျင်ကို ကောင်းစွာ မထိန်းသိမ်းတော့ပါဘူး။

 

▪️ ရေထဲမှာရှင်သန်နေထိုင်တဲ့ ဘက်တီးရီးယားများ၊ ရေမှော်များ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ မြေဩဇာများက အောက်ဆီဂျင်ကို စုပ်ယူပစ်တာလည်း ရှိပါတယ်။

 

▪️ အချို့နေရာတွေမှာဆိုရင် အောက်ဆီဂျင်ပြတ်လပ်ပြီး ပိုးမွှားများ သေဆုံးကြပါတယ်။

 

#Source: WION