#World_Health
Published 28 July 2024


▪️ ကျောက်ကပ်တွေက ခန္ဓာကိုယ်မှ အညစ်အကြေးနဲ့ ပိုလျှံနေတဲ့ အရည်တွေကို စစ်ထုတ်ပေးကာ အီလက်ထရိုလိုက်ဓာတ်များကို ထိန်းညှိပေးပြီး သွေးဖိအားကို ထိန်းချုပ်ပေးတဲ့ အရေးကြီးအင်္ဂါတွေ ဖြစ်ပါတယ်။

 

▪️ သွေးနီဥဆဲလ် ထုတ်လုပ်ခြင်းနဲ့ ကယ်လ်စီယမ် ဇီဝဖြစ်စဉ်တို့ကို ကူညီပေးတဲ့ ဟော်မုန်းတွေလည်း ထုတ်လုပ်ပေးပါတယ်။

 

▪️ ကျောက်ကပ်ချို့ယွင်းပါက နာတာရှည် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါတို့ ဖြစ်လာနိုင်တာကြောင့် ကျောက်ကပ်ကျန်းမာရေးကို ထိန်းချုပ်ပေးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

 

▪️ (၁) ရေဓာတ်ပြည့်ဝစွာနေခြင်း - ရေဓာတ်ထိန်းသိမ်းခြင်းဖြင့် သွေးထဲက အညစ်အကြေးတွေ စွန့်ထုတ်ပေးကာ ခန္ဓာကိုယ်အရည် မျှတမှုကို ထိန်းသိမ်းပေးပါတယ်။

 

▪️ (၂) ဆိုဒီယမ်ထိန်းသိမ်းစားသုံးခြင်း - ဆိုဒီယမ်များလွန်းခြင်းက သွေးဖိအားများစေပြီး ကျောက်ကပ်ကို ထိခိုက်စေပြီး အသင့်စားစာတွေ၊ ဟင်းခတ်အမွှေးကြိုင်တွေ အများအပြား စားသုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။

 

▪️ (၃) မျှတစွာစားသုံးခြင်း - အသီးအနှံ၊ ဟင်းရွက်၊ ဂျုံစပါးမျိုး၊ ပရိုတိန်းတို့ကို မျှတစွာ စားသုံးခြင်းဖြင့် ကျန်းမာရေးကို ထောက်ကူပြီး ကျောက်ကပ်အပေါ် ဝန်ထုပ်ဝန်ပိုးလျော့ကျစေပါတယ်။

 

▪️ (၄) သွေးတွင်းသကြားဓာတ်ထိန်းပေးခြင်း - သွေးတွင်းသကြားဓာတ် များပြားပါက ကျောက်ကပ်ရောဂါ ဖြစ်လာစေနိုင်သဖြင့် ပုံမှန်စောင့်ကြည့် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။

 

▪️ (၅) သွေးပေါင်ချိန်ထိန်းပေးခြင်း - သွေးဖိအားများပါက သွေးကြောများကို ထိခိုက်စေကာ အစားအစာ၊ လေ့ကျင့်ခန်း၊ တရားထိုင်ခြင်းတို့ဖြင့် သွေးပေါင်ချိန်ကို ထိန်းသိမ်းနိုင်ပါတယ်။

 

▪️ (၆) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း - ကိုယ်လက်လှုပ်ရှားခြင်းဖြင့် နှလုံးသွေးကြောကျန်းမာရေး တိုးတက်စေပြီး ကိုယ်အလေးချိန်မျှစေကာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။

 

▪️ (၇) အကိုက်အခဲပျောက်ဆေးအလွန်အကျွံ မသုံးခြင်း - NSAID အကိုက်အခဲပျောက်ဆေးများက ကျောက်ကပ်ကို ထိခိုက်စေပြီး လိုအပ်မှသာ ဆေးညွှန်းအတိုင်း သုံးစွဲသင့်ပါတယ်။

 

▪️ (၈) ဆေးလိပ်ဖြတ်ခြင်း - ဆေးလိပ်သောက်ခြင်းဖြင့် ကျောက်ကပ်သို့ သွေးရောက်ရှိမှု နည်းပါးစေပြီး ကျောက်ကပ်ပြဿနာကို ပိုဆိုးစေပါတယ်။

 

▪️ (၉) ပုံမှန်စစ်ဆေးမှုပြုလုပ်ခြင်း - စောစီးစွာ ရောဂါတွေ့ရှိပါက စောစောကုသနိုင်သဖြင့် နာတာရှည် မဖြစ်နိုင်တော့ပါဘူး။

 

#Source: DoctorNDTV