#World_News
Published 27 July 2024


▪️ ရီပတ်ဘလစ်ကန် သမ္မတလောင်းကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က ဖလော်ရီဒါ ပမ်းလ်ကမ်းခြေရှိ မာရာလာဂိုမှာ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သူ့ရဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ကာမယ်လာဟားရစ်ကို ပုတ်ခတ်ပြောဆိုလိုက်ပြီး ဂျူးလူမျိုးတွေက သူမကို ဘယ်လိုမဲပေးကြမှာလဲဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။

 

▪️ ဂျူးလူမျိုးတစ်ယောက်က သူမအတွက် ဘယ်လိုများမဲပေးမလဲဆိုတာ နားမလည်ကြောင်း၊ ဒါကလည်း သူတို့အပေါ်သာ မူတည်ကြောင်း ထရမ့်က ဆိုပါတယ်။

 

▪️ အစ္စရေးလ်ဝန်ကြီးချုပ်နဲ့အတူ ပါလာတဲ့ အစ္စရေးလ်သတင်းထောက်တွေကို ဆွေးနွေးပွဲသို့ အဝင်မခံပေမယ့် အမေရိကန် သတင်းထောက်အချို့တော့ ဝင်ခွင့်ပေးခဲ့ကာ နှစ်ဦးစလုံးကို မေးမြန်းခဲ့ကြပါတယ်။

 

▪️ ဒုသမ္မတ ကာမယ်လာဟားရစ် ကြာသပတေးနေ့က အိမ်ဖြူတော်မှာ နေတန်ညာဟူနဲ့ ဆွေးနွေးပြီးနောက် ဓားစာခံလွှတ်ပေးရေး ဒုတိယအဆင့်အပြီးမှာ အစ္စရေးလ်အနေနဲ့ ဂါဇာကနေ ဆုတ်ခွာရမယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်တဲ့အကြောင်းကို မေးမြန်းခဲ့ကြပါတယ်။

 

▪️ အစ္စရေးလ်ဘက်က ထိုအဆင့်အထိ လုပ်ဆောင်သွားဖို့ မသေချာသေးဘဲ နေတန်ညာဟူကတော့ ဝါရှင်တန်သို့ ယခုအပတ် ခရီးသွားရောက်စဉ် ဟားရစ်ရော ထရမ့်နဲ့ပါ တွေ့ဆုံခဲ့ကာ သမ္မတအဖြစ် မည်သူရွေးချယ်ခံရသည်ဖြစ်စေ ဆက်ဆံရေးတည်ဆောက်သွားဖို့ ပြင်ဆင်နေပါတယ်။

 

▪️ ဒါပေမဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မှုတွေကြား သူကိုယ်တိုင်ရောက်ရှိနေတာကို နေတန်ညာဟူ ချက်ချင်းသတိမူမိပါတယ်။

 

▪️ ဂါဇာအရေးနဲ့ ပတ်သက်ပြီး ဟားရစ်ရဲ့ထုတ်ပြန်ချက်က အစ္စရေးလ်အစိုးရကို စိတ်ပျက်စေပြီး ဓားစာခံသဘောတူညီချက် ဆွေးနွေးမှုများကို ထိခိုက်စေမှာကို စိုးရိမ်နေကြပါတယ်။

 

▪️ ထရမ့်ကပြောကြားရာမှာ ဟားရစ်က အစ္စရေးလ်ကို မလေးမစားလုပ်နေတယ်လို့ မြင်နေကြောင်း၊ သူမဟာ လက်ဝဲနိုင်ငံရေးသမားတွေထဲမှာ အညောင့်သဘောရောက်ကြောင်း၊ ဆန်ဖရန်ဆစ္စကိုကို ဖျက်လိုဖျက်ဆီး လုပ်နေပြီး ဘယ်လိုတည်ဆောက်ရမလဲ နားမလည်ကြောင်း ဆိုပါတယ်။

 

▪️ ထရမ့်က ယင်းနဲ့ နေတန်ညာဟူကြား ဆက်ဆံရေးယိုယွင်းလာတယ်ဆိုတာကို ငြင်းပယ်လိုက်ပြီး အမြဲတမ်း ဆက်ဆံရေးကောင်း ရှိနေတယ်လို့ ရှင်းပြခဲ့ပါတယ်။

 

▪️ အစ္စရေးလ်နဲ့ ဆက်ဆံရေးကောင်းမြဲနေရတဲ့ လျှို့ဝှက်လက်နက်က နေတန်ညာဟူရဲ့ဇနီး ဆာရာကြောင့်ဖြစ်တယ်လို့ နောက်ပြောင်ပြောဆိုလိုက်ကာ သူမရဲ့ပခုံးပေါ် လက်တင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

 

▪️ ၂၀၁၇ မှ ၂၀၂၁ အတွင်း ထရမ့်သမ္မတဖြစ်စဉ်ကထက် ဘယ်အမေရိကန်သမ္မတကမှ အစ္စရေးလ်အတွက် အကျိုးမပြုခဲ့ဘူးလို့ ထရမ့်က ဆိုပါတယ်။

 

▪️ ဂိုလန်ဟိုက်ကို အစ္စရေးလ် နယ်မြေပိုင်အဖြစ် အသိအမှတ်ပြုခြင်းနဲ့ ဂျေရုဆလမ်ကို အစ္စရေးလ်မြို့တော်အဖြစ် အသိအမှတ်ပြုခြင်းတို့ ပါဝင်ထားကာ အမေရိကန်သံရုံးကို တဲလ်အေဗစ်ကနေ ဂျေရုဆလမ်သို့ ရွှေ့ပြောင်းပြီး အီရန်နျူကလီးယား သဘောတူညီချက်မှာလည်း ပါဝင်ထားပါတယ်။

 

▪️ ယင်းသာ ရွေးကောက်ခံရပါက အီရန်နျူကလီးယား အဆုံးသတ်ရေး သဘောတူညီချက်ကို ချက်ချင်းဆောင်ရွက်နိုင်ပေမယ့် ဒီမိုကရက်တွေကတော့ ဒီကိစ္စကို အရေးမထားဘူးလို့ ဆိုပါတယ်။

 

▪️ အခုဆိုရင် ဘိုင်ဒင်နေရာ အစားဝင်လာတဲ့ ဟားရစ်က ပို၍ပင်ဆိုးရွားနေကာ အရှေ့အလယ်ပိုင်းမှာ အဓိကစစ်ပွဲကြီး ဖြစ်လာနိုင်ပြီး တတိယကမ္ဘာစစ်ပင် အချိန်ဖြစ်ပွားလာနိုင်တယ်လို့ ထရမ့်က ပြောပါတယ်။

 

▪️ အစ္စရေးလ်အနေနဲ့ စစ်ပွဲကို မြန်မြန်အဆုံးသတ်ပြီး ဓားစာခံပြန်ရရေးကိုသာ သေချာပြုလုပ်ဖို့ ထရမ့်က တိုက်တွန်းခဲ့ပါတယ်။

 

#Source: The Jerusalem Post