#World_Health
Published 29 July 2024


▪️ ဒီမန်ရှာရောဂါဆိုတာက နေ့စဉ်နေထိုင်သွားလာမှုဘဝကိုပါ နှောင့်ယှက်စေနိုင်လောက်တဲ့အထိ ဦးနှောက်လုပ်ဆောင်ချက်များ ကျဆင်းလာတဲ့ လက္ခဏာအမျိုးမျိုးကို ရည်ညွှန်းပါတယ်။

 

▪️ ထိုထဲမှာ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ စဉ်းစားတွေးတောခြင်း ပြဿနာဖြေရှင်းခြင်း ပြောဆိုခြင်းတို့မှာ ခက်ခဲလာပြီး စိတ်အခြေအနေနဲ့ အပြုအမူ ပြောင်းလဲခြင်းတွေ ပါဝင်ပါတယ်။

 

▪️ အသက်အရွယ်နဲ့ မျိုးဗီဇကြောင့်ဖြစ်တဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေကို လျှော့မချနိုင်ပေမယ့် အချို့သော နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းတို့က ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

 

▪️ ဒီမန်ရှာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ စားစရာတွေကို ဖော်ပြလိုက်ပါတယ်။

 

(၁) အစိမ်းရင့်ရောင်ဟင်းရွက်များ
▪️ ထိုစားစရာတွေမှာ ဗိုက်တာမင်-ကေ၊ အီးနဲ့ ဖောလိတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ ဦးနှောက်ထဲမှာ ဓာတ်တိုးခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို လျှော့ချပေးပါတယ်။

 

(၂) ဘယ်ရီသီးများ
▪️ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ခ်ဘယ်ရီတို့က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ဦးနှောက်ဆဲလ်များ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

 

(၃) အခွံမာသီးများ
▪️ ကျန်းမာရေးအတွက် အကျိုးပြုအဆီများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗိုက်တာမင်-အီးတို့ ကြွယ်ဝကာ ဦးနှောက်ကျန်းမာရေးအတွက် အကျိုးဖြစ်စေပါတယ်။

 

(၄) အဆီပါသောငါးများ
▪️ ဆော်လ်မွန်၊ ငါးကွမ်းရှပ်၊ ငါးသေတ္တာတို့က အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ကြွယ်ဝပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးကာ ဦးနှောက်ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။

 

(၅) ဂျုံစပါးမျိုးများ
▪️ အမျှင်ဓာတ်များ၊ ဗိုက်တာမင်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွက်ဝပြီး သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးပါတယ်။

 

(၆) သံလွင်ဆီ
▪️ မပြည့်ဝဆီများနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးခြင်းတို့ကို လျှော့ချပေးပါတယ်။

 

(၇) နနွင်း
▪️ ကာကူမင်လို့ခေါ်တဲ့ ဒြပ်ပေါင်းပါဝင်ကာ ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးခြင်းတို့ကို ဆန့်ကျင်ပေးပြီး ဦးနှောက်ကို ကာကွယ်ပေးပါတယ်။

 

(၈) ချောကလက်မည်း
▪️ ဖလေဗိုနွိုက်၊ ကဖင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ ဦးနှောက်လုပ်ဆောင်ချက်ကို တိုးတက်စေကာ ဦးနှောက်စွမ်းရည် လျော့ကျခြင်းမှ ကာကွယ်ပေးပါတယ်။

 

(၉) လက်ဖက်စိမ်း
▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဦးနှောက်စွမ်းဆောင်ရည် တိုးတက်စေပြီး အာရုံကြောချို့ယွင်းရောဂါများ ဖြစ်နိုင်ခြေ လျော့စေပါတယ်။

 

#Source: DoctorNDTV