#World_News
Published 26 July 2024


▪️ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူရန် အမေရိကန်ဒုသမ္မတ ကာမယ်လာဟားရစ်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူကို ကြာသပတေးနေ့က ဖိအားပေးပြောကြားလိုက်ပါတယ်။

 

▪️ ပါလက်စ်တိုင်းလူမျိုးတွေ စစ်ဘေးဒဏ်ခံစားနေရတာတွေ လျှော့ချပေးဖို့ လိုအပ်တဲ့အကြောင်းကို ဟားရစ်က သမ္မတဂျိုးဘိုင်ဒင်ထက် ပိုမိုပြတ်သားမာကျောတဲ့ လေသံဖြင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

▪️ ဟားရစ်ဟာ နေတန်ညာဟူနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် စစ်ပွဲအဆုံးသတ်ချိန်တန်ပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

▪️ ရွေးကောက်ပွဲယှဉ်ပြိုင်မှုကနေ ဘိုင်ဒင်နုတ်ထွက်ပြီးနောက် ဒီမိုကရက်တစ် သမ္မတရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်လာနိုင်ခြေများနေတဲ့ ဟားရစ်က ဂါဇာမှ လူသားချင်းစာနာကူညီမှုအကြောင်း ပြောကြားရာမှာ ပျော့ညံ့မနေခဲ့ပါဘူး။

 

▪️ လူတွေ ဒုက္ခခံစားနေရတာကို ဒီအတိုင်း ကြည့်မနေနိုင်သလို နှုတ်ဆိတ်နေမှာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

 

▪️ ဟားရစ်ရဲ့ ပြောဆိုချက်တွေက လေသံပြတ်သားမာကျောပြီး သမ္မတအဖြစ် ရွေးချယ်ခံရပါက နေတန်ညာဟူနဲ့ ပြောဆိုရာမှာ ဒီထက်ပိုပြီး ပြတ်သားနိုင်မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။



▪️ ဒါပေမဲ့ အစ္စရေးလ်အပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒကတော့ ပြောင်းလဲမှုကြီးကြီးမားမား ဖြစ်လာဖွယ်မရှိဘူးလို့ သုံးသပ်နေကြပါတယ်။

 

▪️ ဘိုင်ဒင်ကလည်း အစောပိုင်းက နေတန်ညာဟူနဲ့ တွေ့ဆုံပြီး ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းဖို့၊ အထောက်အပံ့ကူညီမှုများ ရောက်ရှိရေးအတွက် အဟန့်အတားများ ဖယ်ရှားဖို့ ပြောကြားခဲ့ပါသေးတယ်။

 

▪️ အပစ်အခတ်ရပ်စဲရေးကို အဓိကထားညှိနှိုင်းလာတာ လနဲ့ချီနေပြီဖြစ်ပြီး ရက်သတ္တပတ် ၆ ပတ်ကြာ ရပ်စဲရေး သဘောတူညီချက် ရဖို့ရာ အဖွဲ့အစည်းပါတီများအနေဖြင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာရကြောင်း အမေရိကန်အရာရှိများ ယူဆထားပါတယ်။

 

▪️ ဘိုင်ဒင်ရဲ့ သဘောထားအတိုင်း ဒုသမ္မတတစ်ယောက်အနေဖြင့် ဟားရစ်ကလည်း အစ္စရေးလ်ရဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်ကို ထောက်ခံထားပေမယ့် အစ္စရေးလ်ရဲ့ စစ်ရေးချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး စိတ်မရှည်တော့ဘူးလို့ ကြာသပတေးနေ့က ပြတ်ပြတ်သားသား ဆိုလိုက်ပါတယ်။

 

▪️ စစ်ဘေးရှောင်များစွာရှိနေတဲ့ ဂါဇာတောင်ပိုင်းမှ ရာဖာမြို့ကို အစ္စရေးလ်ကျူးကျော်မှုကြီး ပြုလုပ်ပါက ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေလည်း ရှိလာနိုင်တယ်ဆိုတာကို ဟားရစ်က သတိပေးခဲ့ပါတယ်။

 

#Source: Reuters