#World_News
Published 26 July 2024


▪️ တရုတ်မှ သိပ္ပံပညာရှင်တွေက အာကာသမှာ လွယ်ကူစွာသွားလာနိုင်ရန် ရည်မှန်းပြီး ကမ္ဘာမြေနဲ့ လကမ္ဘာကြား ဆက်သွယ်မှုကွန်ရက်ကြီး ဖန်တီးဖို့အတွက် လမ်းကြောင်းချနေပါတယ်။

 

▪️ တရုတ်အာကာသ နည်းပညာအကယ်ဒမီနဲ့ ပေကျင်းအာကာသစနစ် သုတေသီများအဖွဲ့အစည်းတို့မှ ဖော်ပြချက်အရ တစ်ကမ္ဘာလုံးမှ အသုံးပြုသူများ လက်တွေ့ဆက်သွယ်ရေး၊ လမ်းညွှန်ပြခြင်း၊ စောင့်ကြည့်ရေးဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် လကမ္ဘာစခန်း ၃ ခုကွန်ရက်ကြီးနဲ့ ဂြိုဟ်တု ၃၀ ပါဝင်ပါတယ်။

 

▪️ ဒီလမ်းကြောင်းကြီး ဖန်တီးရန် ရည်ရွယ်ချက်က အာကာသခရီးသွား ၂၀ နဲ့အထက်အနေနဲ့ အသံ၊ ပုံရိပ်၊ ဗီဒီယိုတွေကတဆင့် ကမ္ဘာမြေနဲ့ တပြိုင်တည်းဆက်သွယ်နိုင်ရန် ဖြစ်ပါတယ်။

 

▪️ ကွန်ရက်ဟာ လနဲ့ ကမ္ဘာကြား အာကာသယာဉ် ခရီးသွားစဉ်နဲ့ လကမ္ဘာမျက်နှာပြင် လုပ်ဆောင်ချက်များ ပြုလုပ်နေစဉ် တိကျစွာ နေရာချခြင်း၊ လမ်းညွှန်ပြခြင်း၊ အချိန်ကိုက်မှုတွေ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

 

▪️ အာကာသအတွင်းရွေ့လျားနေတဲ့ အရာတွေဟာ လူသားတွေအတွက် နယ်မြေအသစ် ဖြစ်လာနိုင်တယ်လို့ တရုတ် ချန်ဂယ်-၅မစ်ရှင် ဒီဇိုင်းဖန်တီးရေးမှူး ယန်မန်းဖေဦးဆောင်တဲ့ အဖွဲ့က ဆိုပါတယ်။

 

▪️ ထိုနေရာဟာ ကမ္ဘာနဲ့လကြားက နေရာဖြစ်ပြီး လကမ္ဘာပတ်လမ်းကြောင်းရှိတဲ့ ကမ္ဘာနဲ့ အာကာသကြားက ဂြိုဟ်တုပတ်လမ်းကြောင်းတွေ ပါဝင်ပါတယ်။

 

▪️ တရုတ်ဟာ နက်ရှိုင်းတဲ့ အာကာသနဲ့ လကမ္ဘာစူးစမ်းရေးမှာ အဓိကလှုပ်ရှားနေပြီး အနာဂတ်မစ်ရှင်များအတွက် ရင်းမြစ်များ အများဆုံးရရှိနိုင်ဖို့ လုပ်ဆောင်နေကြောင်း သုတေသီများဆိုပါတယ်။

 

▪️ ထိုအစီအစဉ်ထဲမှာ စကြဝဠာစနစ် အပြင်ဘက်ရှိ စူးစမ်းရေးမစ်ရှင်များ၊ နိုင်ငံတကာ လကမ္ဘာသုတေသနစခန်း တည်ဆောက်ရေး၊ လကမ္ဘာပေါ် လူသားများဆင်းသက်ရေး စတာတွေ ပါဝင်ပါတယ်။

 

▪️ ဒီလိုအစီအစဉ်တွေက အမေရိကန်၊ ဥရောပ၊ ဂျပန်တို့မှာ ရှိထားပေမယ့် လက်တွေ့အကောင်အထည် မဖော်ကြသေးဘဲ တရုတ်ကတော့ အခွင့်အရေး ထူးထူးခြားခြား ရရှိနေတယ်လို့ ပြောသွားပါတယ်။

 

#Source: WION