#World_Health
Published 26 July 2024


▪️ ပူပြင်းတဲ့ နွေရာသီကျရင် အပြင်သွားရင်ဖြစ်ဖြစ်၊ အိမ်ထဲမှာပဲဖြစ်ဖြစ်၊ အိပ်နေရင်းနဲ့ပင် ချွေးတွေထွက်နေတတ်ပါတယ်။

 

▪️ အိပ်ရာထဲမှာ ချွေးထွက်ခြင်းဖြင့် ခေါင်းအုံးတွေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပြီး အိမ်သာထက်ပင် ပိုပြီးညစ်ပတ်စရာ ဖြစ်နိုင်တယ်လို့ ပညာရှင်များ ဖော်ပြလာပါတယ်။

 

▪️ ထိုဘက်တီးရီးယားတွေက မိမိဆီကနေ ထွက်ပေါ်တာကြောင့် ဘေးအန္တရာယ်တော့ မဖြစ်စေနိုင်လောက်ဘူးလို့ ဒေါက်တာ ဂါရက်နဲက ဆိုပါတယ်။

 

▪️ ပိုးမွှားနဲ့ ဘက်တီးရီးယားများ ကင်းရှင်းရန်အတွက် ခေါင်းအုံးတွေနဲ့ အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါ လျှော်ဖို့ တိုက်တွန်းထားပါတယ်။

 

▪️ မလျှော်ဘဲနဲ့ တစ်ပတ်ကျော်ကြာလာရင် ခေါင်းအုံးတွေမှာ တစ်လက်မစတုရန်းလျှင် ပိုးမွှား ၃ သန်းCFU ရှိလာနိုင်ပါတယ်။

 

▪️ ပျမ်းမျှအားဖြင့် တစ်ညကို ချွေး ၅၀၀ မှ ၇၀၀ မီလီမီတာခန့် ဆုံးရှုံးနိုင်ပြီး ၂၀၀ မီလီမီတာလောက်က အိပ်ရာခင်းထဲ ရောက်သွားနိုင်ပါတယ်။

 

▪️ ခန္ဓာကိုယ်ကနေ အရေပြားဆဲလ်တွေ တစ်နေ့ကို သန်း ၅၀၀ လောက်ဆုံးရှုံးနေပြီး အရည်တွေလည်း ဆုံးရှုံးနေပါတယ်။

 

▪️ သတိမထားလိုက်ပါက ထိုဆဲလ်တွေကနေ မှိုများ၊ မွှားများပါ ထွက်ပေါ်လာနိုင်ပြီး ဓာတ်မတည့်ခြင်းနဲ့ ရင်ကြပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

 

▪️ ခေါင်းအုံးတစ်ခုမှာ မှိုမျိုးကွဲပေါင်း ၁၆ မျိုးခန့်နဲ့ အကောင်ပေါင်း သန်းချီပါဝင်နိုင်ပါတယ်။

 

▪️ အိပ်ရာထပြီးနောက် အိပ်ရာသိမ်းတဲ့အခါမှာလည်း လေမရတဲ့နေရာဖြစ်ပါကလည်း ပိုးမွှားတွေပေါက်နိုင်ပါတယ်။

 

▪️ နွေရာသီမှာ အိပ်ရာကို နေပြသင့်ပြီး မကြာခဏ လဲပေးသင့်တယ်လို့ ပညာရှင်များ အကြံပြုပါတယ်။

 

#Source: New York Post