#World_News
Published 25 July 2024
▪️ အမေရိကန်ရဲ့ ဒီမိုကရေစီအနာဂတ်ရှေ့ရေးကို စိုးရိမ်တာကြောင့် ဒေါ်နယ်ထရမ့်နဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်ရာကနေ နောက်ဆုတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

 

▪️ မျိုးဆက်သစ်ကို နေရာပေးဖို့အတွက် ဘေးထွက်ပေးလိုက်တာ ဖြစ်တယ်လို့ ဘိုင်ဒင်က မိန့်ခွန်းပြောကြားစဉ် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

 

▪️ အိုဗယ်ရုံးဌာနကနေ မိန့်ခွန်းပြောကြားရာမှာ ယခင်သမ္မတဟောင်းတွေဖြစ်တဲ့ သောမတ်စ်ဂျက်ဖာဆန်၊ ဂျော့ဂျ်ဝါရှင်တန်၊ အေဘရာဟမ်လင်ကွန်းတို့ကို ကိုးကားဖော်ပြသွားပြီး ယင်းနှစ်သက်မြတ်နိုးတဲ့ သမ္မတရုံးကနေ ၆ လအတွင်း ထွက်ခွာရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင်ဒင်ဟာ ဇွန် ၂၇ ရက်နေ့က စကားစစ်ထိုးပွဲမှာ စွမ်းဆောင်ရည်ဆိုးရွားခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲယှဉ်ပြိုင်မှုကနေ ဖယ်ရှားပေးရန် ဒီမိုကရက်တွေကနေ ဖိအားပေးလာခဲ့ကြပါတယ်။

 

▪️ အများရဲ့ ထင်မြင်ယူဆချက်တွေမှာလည်း ထရမ့်ကို ရှုံးနိမ့်နိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

 

▪️ ရှေ့ဆက်ဖို့ အကောင်းဆုံးနည်းလမ်းက မျိုးဆက်သစ်ကို လက်ဆင့်ကမ်းပေးဖို့ ဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ကာ ဒီနည်းလမ်းကသာ တိုင်းပြည်ကို ပေါင်းစည်းဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ပြောပါတယ်။

 

▪️ ဒီနောက် ဒုသမ္မတ ကာမယ်လာဟားရစ်ကို ထောက်ခံလိုက်ကာ ဒီမိုကရက်တစ် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုတွေလည်း ရလာခဲ့ပါတယ်။

 

▪️ ထရမ့်သာ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင် အမေရိကန်တွေ တွေ့ကြုံလာရမယ့် အန္တရာယ်ကိုလည်း ဘိုင်ဒင်က ထည့်ပြောခဲ့ပါတယ်။

 

▪️ အမေရိကားမှာ ဘုရင်တွေ အာဏာရှင်တွေ အုပ်စိုးတာမဟုတ်ကြောင်း၊ ပြည်သူတွေရဲ့ လက်ထဲမှာသာ အာဏာပါဝါရှိကြောင်း ဆိုပါတယ်။

 

▪️ ရွေးကောက်ပွဲယှဉ်ပြိုင်မှုတွေကနေ နုတ်ထွက်ပြီးနောက်မှာတော့ ဒီမိုကရက်တွေက ဘိုင်ဒင်ရဲ့ဘေးမှာ ပြန်လည်စုဝေးလာပြီး ယင်းရဲ့သမ္မတမှတ်တမ်းအတွက် ဂုဏ်ပြုနေကြပါတယ်။

 

▪️ ကျန်တဲ့သမ္မတသက်တမ်း ၆ လအတွင်း သမ္မတအလုပ်တွေကို ဦးစားပေး လုပ်ဆောင်သွားဦးမှာ ဖြစ်ကာ နေတိုးအဖွဲ့အစည်းကြီးကို ပိုမိုအင်အားကြီးပြီး ပေါင်းစည်းစေရန်၊ ယူကရိန်းကို ရုရှားသိမ်းပိုက်ခြင်းမှ ရပ်တန့်ရန်၊ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အားထုတ်ရန်၊ အမေရိကန် တရားရုံးချုပ် ပြန်လည်ဖွဲ့စည်းဖို့ ကြိုးပမ်းရန် ကူညီသွားမယ်လို့ ကတိပြုလိုက်ပါတယ်။

 

▪️ ဘိုင်ဒင်ဟာ ၁၉၇၂ ခုနှစ် အသက် ၂၉ နှစ်အရွယ်ကတည်းက အထက်လွှတ်တော်မှာ ရွေးချယ်ခံခဲ့ရစဉ် နိုင်ငံရေးဘဝသို့ ရောက်ရှိခဲ့ကာ အမေရိကန်လွှတ်တော်အမတ်တွေထဲမှာ ၆ ဦးမြောက် အငယ်ဆုံးဖြစ်ခဲ့သလို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတရာထူးမှ အနားယူပါက အသက်အကြီးဆုံး အမေရိကန်သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

 

#Source: Reuters