#World_Health
Published 25 July 2024


▪️ အစားအစာတွေကို အရသာခံ စားသောက်ရာမှာ လတ်ဆတ်သန့်ရှင်းမှုအပြင် ပြင်ဆင်ချက်ပြုတ်ပုံတို့ကြောင့်လည်း အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

 

▪️ မီးဖိုချောင်သုံးပစ္စည်း အမျိုးအစားတွေကလည်း ဟင်းတစ်ပွဲရဲ့ အရသာသွင်ပြင်ကို များစွာသက်ရောက်နေပါတယ်။

 

▪️ ဥပမာအားဖြင့် သံပြားဒယ်ပြားတွေနဲ့ ချက်ရင် ဆီကပ်အိုးတွေထက် မီးခိုးနံ့လေး ပိုရစေပါတယ်။

 

▪️ အရည်အသွေးမြင့်ပြီး အဆိပ်အတောက်မဖြစ်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို အသုံးပြုမှ အစားအစာတွေထဲ ဓာတုပစ္စည်းတွေ မရောက်ရှိမှာဖြစ်ပြီး ဘေးကင်းကျန်းမာစေမှာ ဖြစ်ပါတယ်။

 

▪️ သင့်လျော်မှန်ကန်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေက အစားအစာတွေကို ပိုမိုထိရောက်စွာ ချက်ပြုတ်နိုင်ပြီး အာဟာရဓာတ်များ ထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။

 

▪️ အာဟာရပညာရှင် အန်ဂျလီမူခါဂျီက အသုံးပြုသင့်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ဖော်ပြထားပါတယ်။

 

▪️ ထိုပစ္စည်းတွေကိုပြုလုပ်ထားတဲ့ ကုန်ကြမ်းပစ္စည်း အမျိုးအစားက အရေးကြီးပြီး ဆီမကပ်တဲ့အိုးတွေကို လိုချင်တယ်ဆိုရင် ကြွေထည်နဲ့ပြုလုပ်တဲ့ ဆီမကပ်ဒယ်တွေက အကောင်းဆုံးဖြစ်ကြောင်း ဗီဒီယိုထဲမှာ ပြောပါတယ်။

 

▪️ ဆီမကပ်အောင် စီမံထားတဲ့ မျက်နှာပြင်ပစ္စည်းတွေက အဆိပ်အတောက်မပါဝင်ဘဲ ကျန်းမာရေးအတွက် သင့်လျော်တယ်လို့ ဆိုထားပါတယ်။

 

▪️ ဥပမာအားဖြင့် စတီးလ်၊ ကြွေ၊ ဖန်၊ ကာဗွန်စတီးလတို့ဖြင့် ပြုလုပ်တဲ့ပစ္စည်းတွေက ဟင်းချက်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။

 

▪️ ဒီလိုမျိုး အပြောင်းအလဲ ပြုလုပ်ခြင်းဖြင့် အလုံးစုံကျန်းမာရေးကို အကျိုးပြုစေမှာ ဖြစ်ပါတယ်။

 

#Source: DoctorNDTV