#Just_In_News

၂၄ ဇူလိုင် ၂၀၂၄

နီပေါနိုင်ငံ ဆာရူယာလေကြောင်းလိုင်းဟာ ဇူလိုင် ၂၄ ရက်နေ့က  မြို့တော်ကတ္တမန်ဒူမှ ပျံအတက်တွင်ပျက်ကျပြီး မီးလောင်သဖြင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ရပါတယ်။

အဲဒီလေယာဉ်ပျံဟာ  ပြီးခဲ့တဲ့ဇန်နဝါရီက ဖွင့်လှစ်ခဲ့တဲ့ နီပေါ်နိုင်ငံရဲ့ လေဆိပ်အသစ် ပိုခါရာမှာ ပုံမှန်ပြုပြင် ထိန်းသိမ်းမှုလုပ်ဖို့အတွက် လေယာဉ်အမှုထမ်း နှစ်ဦးနှင့် ကျွမ်းကျင်သူ ၁၇ဦးတင်ဆောင်ကာ ပျံတက်စဉ်မှာ ပျက်ကျခဲ့ရတာဖြစ်တယ်လို့ အရာရှိတွေကပြောပါတယ်။

လေယာဉ်မှူးက အသက်ရှင်တယ်။ ဆေးရုံတင်လိုက်တယ်” လို့ ကတ္တမန်ဒူ ထရိုင်ဗူဗန်နိုင်ငံတကာလေဆိပ်ရဲ့ ပြောရေးဆိုခွင့်ရသူ  တက်ဘဟာဒါပိုဒဲလ်ကပြောပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့်လေဆိပ်ကိုခေတ္တပိတ်ခဲ့ရပါတယ်။

ပျက်ကျတဲ့လေယာဉ်ဟာ ထိုင်ခုံ၅၀ဆန့် CRJ200 အမျိုးအစားဖြစ်တယ်လို့ လေကြောင်းလိုင်းကပြောပါတယ်။

နီပေါနိုင်ငံဟာ လေကြောင်းအန္တရာယ်ကင်းရှင်းမှုအားနည်းတယ်လို့အဝေဖန်ခံနေရပါတယ်။ ၂၀၀၀ပြည့်နှစ်ကတည်းက ယခုအထိလေယာဉ်ပျက်ကျမှုကြောင့်သေဆုံးသူတွေ ၃၅၀ ဦးနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ယခုပျက်ကျမှုမတိုင်ခင် နောက်ဆုံး ဖြစ်ခဲ့တာက ၂၀၂၃ဇန်နဝါရီမှာဖြစ်ပြီး ရတီလေကြောင်းလိုင်း လေယာဉ်မှူးဟာ မတော်တဆ အင်ဂျင်ကိုပိတ်မိရာမှလေယာဉ်ပျက်ကျခဲ့လို့  ၇၂ဦး အနည်းဆုံးသေဆုံးခဲ့ရပါတယ်။

Source Reuters